အထူးကျွမ်းကျင်လုပ်သားဖြင့်
အလုပ်လုပ်လိုပါသလား! အလုပ်ခန့်အပ်လိုပါသလား!
အလုပ်လုပ်လိုသူများနှင့် အလုပ်ခန့်အပ်သူများကို
ချိတ်ဆက်ပေးပါမည်။
“အထူးကျွမ်းကျင်လုပ်သားစနစ်ဖြင့်အလုပ်လုပ်ခြင်းကို
အလုံးစုံအကူအညီပေးပါမည်”
၂၀၂၂ ဖေဖော်ဝါရီ ၂
အထူးကျွမ်းကျင်လုပ်သားနှင့်သက်ဆိုင်သော စာမေးပွဲအချက်အလက်များကို အသစ်ပြင်ဆင်ခဲ့ပါသည်။
အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
အထူးကျွမ်းကျင်လုပ်သားသည် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများပို၍ အလုပ်လုပ်လာနိုင်စေရန်အတွက်
ပြုလုပ်ထားသော နေထိုင်ခွင့်ဗီဇာဖြစ်ပါသည်။
အထူးကျွမ်းကျင်လုပ်သားတွင်မူ “နံပါတ်(၁)” နေထိုင်ခွင့်ဗီဇာနှင့် “နံပါတ်(၂)” နေထိုင်ခွင့်ဗီဇာဟူ၍ရှိပြီး၊
နံပါတ်(၂) နေထိုင်ခွင့်ဗီဇာသည် နံပါတ်(၁) နေထိုင်ခွင့်ဗီဇာထက် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများလိုအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို အောက်ပါမီးနူးတွင် ကြည့်ရှုနိုင်ပါသည်။
အထူးကျွမ်းကျင်လုပ်သားအကြောင်း
အထူးကျွမ်းကျင်လုပ်သား၏ နေထိုင်ခွင့်ဗီဇာကို ရယူနိုင်ရန်
ဗီဒီယိုဖြင့် စနစ်အကြောင်း မိတ်ဆက်ခြင်း
စနစ်အကြောင်းမိတ်ဆက်ဗီဒီယို
အထူးကျွမ်းကျင်လုပ်သားအဖြစ် အလုပ်လုပ်နိုင်မည့် နယ်ပယ် ၁၄ခုအကြောင်း မိတ်ဆက်ဗီဒီယို
အထူးကျွမ်းကျင်လုပ်သားအဖြစ် အလုပ်လုပ်နိုင်မည့် နယ်ပယ် ၁၄ခု၏ ဆွဲဆောင်မှုများနှင့် အချက်အလက်များအကြောင်းကို ဗီဒီယိုဖြင့် မိတ်ဆက်ပေးမည်ဖြစ်ပါသည်။
မေးလေ့ရှိသောမေးခွန်းများ
နိုင်ငံခြားသားနေထိုင်သူများအတွက် အထွေထွေသတင်းအချက်အလက်စင်တာ
အထူးကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ဗီဇာဖြင့် အလုပ်လုပ်လိုသော နိုင်ငံခြားသားအနေဖြင့် လုပ်ထုံးလုပ်နည်းများ နားမလည်ပါက ဖုန်းဆက်မေးမြန်းနိုင်ပါသည်။
စာရွက်စာတမ်းရေးနည်းနှင့် လုပ်ထုံးလုပ်နည်းများကို ပျူငှာစွာဖြင့် ဖြေကြားပေးပါမည်။
တစ်ဖန် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ဂျပန်နိုင်ငံသို့လာရန် သို့မဟုတ် မိမိနိုင်ငံသို့ပြန်ရန်အတွက် ဒုက္ခရောက်နေသူများအတွက်လည်း ဆွေးနွေးတိုင်ပင်မှုများကို ဖြေကြားပေးနေပါသည်။
ဖုန်းနံပါတ်:၀၅၇၀-၀၁၃၉၀၄
(IP၊ PHS၊ နိုင်ငံခြားမှ : ၀၃-၅၇၉၆-၇၁၁၂)
နေ့ရက်နှင့်အချိန် : တနင်္လာနေ့ မှ သောကြာနေ့ .နံနက် ၈နာရီ ၃၀မိနစ်မှ ညနေ ၅နာရီ ၁၅မိနစ်
အထူးကျွမ်းကျင်လုပ်သားအထွေထွေအထောက်အကူပြု Call Center (SSWTSC) ကို ၂၀၂၁ ခုနှစ် မတ်လကုန်နောက်ပိုင်းမှစ၍ ယာယီပိတ်ထားခဲ့ပါသည်။
အလုပ်ချိတ်ဆက်ပွဲအကြောင်း
အထူးကျွမ်းကျင်လုပ်သားအဖြစ် ဂျပန်နိုင်ငံတွင် အလုပ်လုပ်လိုသောသူများအတွက်
ဂျပန်ကုမ္ပဏီများနှင့် အင်တာဗျူးပွဲများ ပြုလုပ်ပေးပါသည်။
ဂျပန်ကုမ္ပဏီများနှင့် ဆက်သွယ်ပြောဆိုလိုသူများ သေချာပေါက် စာရင်းပေးပါ။
ကုမ္ပဏီဘက်မှ စာရင်းပေးထားသူများနှင့် စကားပြောလိုသည့်အခါတွင် တွေ့ဆုံဆွေးနွေးမည့်အချိန်ကို
စာရင်းပေးသူအားလုံးထံ အသိပေးအကြောင်းကြားပေးပါမည်။
နေအိမ်အစရှိသောနေရာများမှ(on line) အားဖြင့်ပါဝင်ရမည်ဖြစ်သည်။
-
*အမှန်တကယ်နေရာမှ မြင်ကွင်းများ
လျှောက်ထားသည့်အခြေအနေ
စီးပွားရေးလုပ်ငန်း
လျှောက်ထားသူစုစုပေါင်း 166
- သူနာပြုစောင့်ရှောက်မှုလုပ်ငန်း : 74
- အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း : 4
- ဆောက်လုပ်ရေးလုပ်ငန်း : 27
- စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း) : 8
- စက်မှုစက်ရုံလုပ်ငန်း : 11
- လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် လုပ်ငန်း : 4
- သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း : 0
- ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း : 2
- လေကြောင်းလုပ်ငန်း : 0
- ဟိုတယ်လုပ်ငန်း : 3
- စိုက်ပျိုးရေးလုပ်ငန်း : 23
- ရေလုပ်ငန်း : 0
- စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း : 15
- အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း : 8
*စီးပွားရေးလုပ်ငန်းအလိုက်အရေအတွက်အသီးသီးမှာဖော်ပြထားသည့်အတိုင်းဖြစ်သည်။
နိုင်ငံခြားသား
လျှောက်ထားသူစုစုပေါင်း 9,896
ကျင်းပမည့် အစီအစဉ်
၂၀၂၁ ခုနှစ်မတ်လအထိ အလုပ်ချိတ်ဆက်ပွဲကို ကျင်းပပြီးစီးခဲ့ပါသည်။ တက်ရောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။
ကျေးဇူးပြု၍ နောက်အလုပ်ချိတ်ဆက်ပွဲကို စောင့်ပေးပါ။