ကုမ္ပဏီဘက်မှ ရရှိနိုင်သော အထောက်အပံ့

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) နေထိုင်ခွင့်ဗီဇာဖြင့် အလုပ်လုပ်သောနိုင်ငံခြားသားမှာ ကုမ္ပဏီ (ကုမ္ပဏီမှ မရနိုင်သောအခါ၌ ကုမ္ပဏီမှ အကူအညီတောင်းထားသော လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်း) ထံမှ ဂျပန်တွင် နေထိုင်ရာတွင်လည်းကောင်း၊ အလုပ်လုပ်သည့်အချိန်တွင် လည်းကောင်း အမျိုးမျိုးသော အထောက်အပံ့များ (Support) ကိုရယူနိုင်ပါသည်။
အထောက်အပံ့ (Support) သည် အောက်ပါအတိုင်း ၁၀မျိုးရှိပါသည်။

၁။ နေထိုင်ခွင့်ဗီဇာမရယူမှီ ကုမ္ပဏီဘက်မှ ရှင်းပြချက်ကိုနားထောင်နိုင်ပါသည်။

ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုလိုက်ပြီး နေထိုင်ခွင့်ဗီဇာ မလျှောက်ထားခင်အလျင်၌ ကုမ္ပဏီတွင် “စာချုပ်အကြောင်းအရာများနှင့် အလုပ်အကြောင်းအရာများ”ကို ရှင်းပြခိုင်း၍ရပါသည်။

၂။ ဂျပန်သို့လာမည့်အချိန်၊ ကိုယ့်နိုင်ငံပြန်မည့်အချိန်များ၌ အပို့အကြိုလုပ်ပေးခြင်း

ဂျပန်သို့လာသည့်အချိန်တွင်မူ ကုမ္ပဏီဘက်မှလူသည် လေဆိပ်အထိလာကြိုပေးပြီး ကုမ္ပဏီ သို့မဟုတ် အိမ်အထိလိုက်ပို့ပေးမည်ဖြစ်ပါသည်။
ထို့အပြင် သင့်နိုင်ငံကိုပြန်သည့်အချိန်တွင်လည်း ကုမ္ပဏီဘက်မှလူသည် လေဆိပ်၏ လုံခြုံရေးစစ်ဆေးသည့်နေရာအထိ လိုက်ပါပို့ဆောင်ပေးမည် ဖြစ်ပါသည်။

၃။ နေထိုင်မည့်အိမ်ကို ပြင်ဆင်ပေးခြင်း၊ လျှပ်စစ်မီးနှင့် ဂတ်စ်၏ စာချုပ်စာတမ်းများကို ထောက်ပံ့ပေးခြင်း

ကုမ္ပဏီဘက်မှလူသည် နေထိုင်သည့်အိမ်၏ အာမခံပေးသူပြုလုပ်ပေးခြင်း၊ ကုမ္ပဏီ၏အိမ် (ကုမ္ပဏီပိုင်အိမ်) ကို ငှားပေးပါသည်။
ထို့အပြင် ဘဏ်အကောင့် ပြုလုပ်ပေးခြင်း၊ လက်ကိုင်ဖုန်း၊ လျှပ်စစ်မီးနှင့် ဂတ်စ်တို့၏ စာချုပ်များကို ကူညီလုပ်ဆောင်ပေးပါသည်။

၄။ နေထိုင်ရန်အတွက် ပတ်ဝန်းကျင်နှင့် အသားကျအောင်ပြုလုပ်ခြင်း

ကုမ္ပဏီဘက်မှလူသည် ဂျပန်နှင့်သက်ဆိုင်သော စည်းကမ်းများ၊ နေထိုင်ပြောဆိုပုံများကို သင်ကြားပေးမည် ဖြစ်သည်။
ထို့အပြင် ဘတ်စ်ကားနှင့် ရထားစီးနည်းများ၊ မြေငလျင်လှုပ်သည့်အချိန်တွင် မည်ကဲ့သိုလုပ်ဆောင်ရမည်များကို သင်ကြားပေးမည်ဖြစ်သည်။

၅။ မြို့အုပ်ချုပ်ရေးရုံး၏ လုပ်ထုံးလုပ်နည်းများတွင် လိုက်ကူဆောင်ရွက်ပေးခြင်း

ကုမ္ပဏီဘက်မှလူသည် မြို့အုပ်ချုပ်ရေးရုံးနှင့် အခွန်ငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်လံကူညီဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
တစ်ဖန် လုပ်ထုံးလုပ်နည်းစာရွက်စာတမ်းများ ရေးသည့်အချိန်တွင်လည်း ကူညီဆောင်ရွက်ပေးပါသည်။

၆။ ဂျပန်စာသင်ကြားရာ၌ အထောက်အပံ့ပေးခြင်း

ဂျပန်စာသင်ကြားရန်အတွက် ကျောင်းညွှန်းပေးခြင်းကို ကုမ္ပဏီဘက်မှလူက ပြုလုပ်ပေးမည်ဖြစ်ပါသည်။

၇။ တိုင်ပင်ခြင်း၊ အခက်အခဲဒုက္ခများအတွက် တွေ့ဆုံဆွေးနွေးခြင်း

ဒုက္ခအခက်အခဲတွေ့ပါက သင့်မိခင်ဘာသာစကားဖြင့်
တိုင်ပင်ဆွေးနွေးမှုပြုလုပ်နိုင်ပြီး အကြံအဉာဏ်များ တောင်းခံနိုင်ပါသည်။

၈။ ဂျပန်လူမျိုးများနှင့် ဆက်ဆံပြောဆိုခြင်း

ကုမ္ပဏီဘက်မှလူသည် အနီးအနားတွင်ကျင်းပသော ပွဲတော်များသို့သွားရန်အတွက် လမ်းညွှန်ပေးခြင်းနှင့် ပတ်ဝန်းကျင်ရှိ ဂျပန်လူမျိုးနှင့် စကားပြောနိုင်မည့် အခွင့်အရေးများကို ဖန်တီးပေးပါသည်။

၉။ အလုပ်ပြောင်းမည့်အချိန်၌ အထောက်အပံ့လုပ်ပေးခြင်း (ကုမ္ပဏီဘက်မှ အလုပ်နားလိုက်ပါဟု ပြောသည့်အခါ)

ကုမ္ပဏီဘက်မှ အလုပ်နားလိုက်ပါဟုပြောလာသည့်အချိန်တွင် နောက်အလုပ်တစ်ခုရှာရန်အတွက် ကုမ္ပဏီဘက်မှ အထောက်အပံ့ရယူနိုင်ပါသည်။

၁၀။ တွေ့ဆုံဆွေးနွေးခြင်း (၃လတွင် ၁ကြိမ်နှင့်အထက်)

ကုမ္ပဏီ၏ အထောက်အပံ့ပေးသည့် ခေါင်းဆောင်နှင့် သတ်မှတ်အချိန်အလိုက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရပါမည်။
အကယ်၍ အလုပ်နှင့်သက်ဆိုင်သော ပြဿနာရှိပါက ဆွေးနွေးနိုင်ပါသည်။

အကြောင်းအရာ

ဤ ၁၀ခုသော အထောက်အပံ့များ (Support) မှာ ကုမ္ပဏီဘက်မှ နိုင်ငံခြားသားများအတွက် မဖြစ်မနေလုပ်ဆောင်ပေးရမည့်အရာများဖြစ်ပါသည်။
ဤအထောက်အပံ့များ သေသေချာချာ မရရှိသောအခါမျိုးတွင် အနီးအနားရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် သွားရောက်ဆွေးနွေးပါ။