နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ

အထူးကျွမ်းကျင်လုပ်သားဖြင့် အလုပ်လုပ်နိုင်သည့်နယ်ပယ်များမှာ အောက်ပါနယ်ပယ် ၁၂ ခုဖြစ်ပါသည်။

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)အဖြစ် အလုပ်လုပ်နိုင်သော နယ်ပယ်

စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)၊ စက်မှုစက်ရုံလုပ်ငန်း၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်း

  • ယခင်စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)

    စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်

  • ယခင်စက်မှုစက်ရုံလုပ်ငန်း

    စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်

  • ယခင်လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် လုပ်ငန်း

    စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)အဖြစ် အလုပ်လုပ်နိုင်သော နယ်ပယ်

  • အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း

    အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်အလုပ်၏ ခေါင်းဆောင်

  • ဆောက်လုပ်ရေးလုပ်ငန်း

    အိမ်၊ အဆောက်အဦးစသည့် အဆောက်အအုံများ တည်ဆောက်သည့်အလုပ်၏ ခေါင်းဆောင်

  • စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)၊ စက်မှုစက်ရုံလုပ်ငန်း၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်း

    စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်၏ ခေါင်းဆောင်

  • သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း

    သင်္ဘောများကို တည်ဆောက်သည့် အလုပ်၏ ခေါင်းဆောင်

  • ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း

    မော်တော်ကားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အလုပ်၏ ခေါင်းဆောင်

  • လေကြောင်းလုပ်ငန်း

    လေယာဉ်တွင် ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊ လေယာဉ်ကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် အလုပ်၏ ခေါင်းဆောင်

  • ဟိုတယ်လုပ်ငန်း

    ဟိုတယ်တွင် ဧည့်ကြိုခြင်းနှင့် ဝန်ဆောင်မှုပေးသည့် အလုပ်၏ ခေါင်းဆောင်

  • စိုက်ပျိုးရေးလုပ်ငန်း

    ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရိတ်သိမ်းသည့် အလုပ်
    ဝက်၊ နွား နှင့် ကြက်စသည့်တိရိစ္ဆာန်များ မွေးမြူသည့်အလုပ်၏ ခေါင်းဆော

  • ရေလုပ်ငန်း

    ငါးဖမ်းခြင်း၊ ငါးမွေးခြင်း အလုပ်၏ ခေါင်းဆောင်

  • စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

    အစားအသောက်များကို ပြုလုပ်သည့် အလုပ်၏ ခေါင်းဆောင်

  • အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း

    စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်၏ ခေါင်းဆောင်

အကြောင်းအရာ

နည်းပညာလေ့လာရေးမှာ နည်းပညာသင်ယူရန်အတွက် နေထိုင်ခွင့်ဗီဇာဖြစ်ပြီး အထူးကျွမ်းကျင်လုပ်သားမှာ အလုပ်လုပ်ရန်အတွက် နေထိုင်ခွင့်ဗီဇာဖြစ်သည်။

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) နေထိုင်ခွင့်ဗီဇာ

  • စုစုပေါင်း ၅နှစ်တာ ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်ပါသည်။
  • မိသားစုကို ခေါ်ဆောင်လာ၍ မရနိုင်ပါ။
  • ဂျပန်လူမျိုးနှင့်တန်းတူ လစာပမာဏရရှိနိုင်ပါသည်။
  • ဂျပန်စကား သင်ယူနိုင်ပါသည်။
  • ကုမ္ပဏီဘက်မှ အမျိုးမျိုးသော အထောက်အပံ့များ (Support) ကို ရရှိနိုင်ပါသည်။

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) နေထိုင်ခွင့်ဗီဇာ

  • နေထိုင်နိုင်သည့်ကာလမှာ ကန့်သတ်ချက် မရှိပါ
  • မိသားစုကို ခေါ်ဆောင်လာနိုင်ပါသည်။