ကျွမ်းကျင်မှုဖြင့်တည်ဆောင်နိုင်မည့်၊ နယ်ပယ်သစ်
အထူးကျွမ်းကျင်လုပ်သားစနစ်ရှင်းလင်းပွဲ
ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လိုသောသူများသို့!
ဂျပန်နိုင်ငံတွင်း၌အလုပ်လုပ်ကိုင်နိုင်သောနေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သားစနစ်" နှင့်ပတ်သက်၍၊ ဂျပန်နိုင်ငံအတွင်းအပြင်၌နေထိုင်လျက်ရှိသော
နိုင်ငံခြားသားများအတွက်စနစ်နှင့်သက်ဆိုင်သည့်ရှင်းလင်းပွဲအား ကျင်းပသွားပါမည်။
  • တက်ရောက်ရန်မှတ်ပုံတင်ဖို့လိုအပ်ပါသည်
  • Online ဖြင့်ကျင်းပခြင်း(Zoom)
  • ၂၀၂၅ ခုနှစ်
    အောက်တိုဘာ၂၉ရက်ဗုဒ္ဓဟူး
    ပထမအကြိမ်
    မွန်းလွဲ ၄ နာရီ မှ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်
    ဂျပန်ဘာသာအင်္ဂလိပ်ဘာသာအင်ဒိုနီးရှားဘာသာ
    ဒုတိယအကြိမ်
    မွန်းလွဲ ၅ နာရီ မှ မွန်းလွဲ ၅ နာရီ ၄၅ မိနစ်
    ဂျပန်ဘာသာထိုင်းဘာသာဗီယက်နမ်ဘာသာ
    လျှောက်ထားနိုင်သည့်ကာလ:
    ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက် (ဗုဒ္ဓဟူး)
  • ၂၀၂၆ ခုနှစ်
    ဇန်နဝါရီ၃၁ရက်စနေ
    တတိယအကြိမ်
    မွန်းလွဲ ၄ နာရီ မှ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်
    ဂျပန်ဘာသာအင်္ဂလိပ်ဘာသာအင်ဒိုနီးရှားဘာသာ
    စတုတ္ထအကြိမ်
    မွန်းလွဲ ၅ နာရီ မှ မွန်းလွဲ ၅ နာရီ ၄၅ မိနစ်
    ဂျပန်ဘာသာထိုင်းဘာသာဗီယက်နမ်ဘာသာ
    လျှောက်ထားနိုင်သည့်ကာလ:
    ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက် (စနေ)

တက်ရောက်ရန်မှတ်ပုံတင်ခြင်း

ရှင်းလင်းပွဲသို့တက်ရောက်လိုသောသူများမှာ၊ ဤ WEB ဖောင်မှလျှောက်ထားနိုင်ပါသည်။

စနစ်ရှင်းလင်းပွဲတက်ရောက်ရန်မှတ်ပုံတင်ခြင်း

အထူးကျွမ်းကျင်လုပ်သားစနစ် ဆိုသည်မှာ

အထူးကျွမ်းကျင်လုပ်သားသည် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများပို၍ အလုပ်လုပ်လာနိုင်စေရန်အတွက် ပြုလုပ်ထားသော နေထိုင်ခွင့်ဗီဇာဖြစ်ပါသည်။ အထူးကျွမ်းကျင်လုပ်သားတွင်မူ “နံပါတ်(၁)” နေထိုင်ခွင့်ဗီဇာနှင့် “နံပါတ်(၂)” နေထိုင်ခွင့်ဗီဇာဟူ၍ရှိပြီး၊ နံပါတ်(၂) နေထိုင်ခွင့်ဗီဇာသည် နံပါတ်(၁) နေထိုင်ခွင့်ဗီဇာထက် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများလိုအပ်ပါသည်။ လက်ရှိတွင်၊ အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) ဖြင့်အလုပ်လုပ်ကိုင်နိုင်သည့်နယ်ပယ်မှာ ၁၆ ခု၊ အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) ဖြင့်အလုပ်လုပ်ကိုင်နိုင်သည့်နယ်ပယ်မှာ ၁၁ ခုဖြစ်ပါသည်။ အလုပ်နယ်ပယ်နှင့်သက်ဆိုင်သည့်အသေးစိတ်အချက်အလက်များကို၊ အောက်ပါ “အထူးကျွမ်းကျင်လုပ်သားအဖြစ် အလုပ်လုပ်နိုင်သောနယ်ပယ်များ” တွင်ကြည့်ရှုစစ်ဆေးပါ။

အထူးကျွမ်းကျင်လုပ်သားစနစ် ရှင်းလင်းချက်ဗီဒီယို

အထူးကျွမ်းကျင်လုပ်သားအဖြစ် အလုပ်လုပ်နိုင်သော နယ်ပယ်

အထူးကျွမ်းကျင်လုပ်သားဖြင့် အလုပ်လုပ်ကိုင်ရန်အတွက်

အထူးကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ဗီဇာဖြင့် အလုပ်လုပ်ရန်အတွက်၊ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ နှင့် ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲကို ဖြေဆိုအောင်မြင်ရန် လိုအပ်ပါသည်။ (နည်းပညာလေ့လာရေးနံပါတ်(၂) ကို ကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲအောင်ရန် မလိုအပ်ပါ။ သို့သော်လည်း၊ နည်းပညာလေ့လာရေး၏အလုပ်နှင့် ဆက်နွယ်မှုမရှိသောနယ်ပယ်တွင် အလုပ်လုပ်ကိုင်မည်ဆိုပါက၊ အလုပ်လုပ်ကိုင်လိုသည့်နယ်ပယ်၏ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲကို ဖြေဆိုအောင်မြင်ရန်လိုအပ်ပါသည်။) ထို့နောက်၊ ကုမ္ပဏီနှင့် စာချုပ်ချုပ်လိုက်ပါက အထူးကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ဗီဇာကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ လျှောက်ထားမှုအားခွင့်ပြုခြင်းခံရပါက၊ အထူးကျွမ်းကျင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နိုင်ပါသည်။

မေးလေ့ရှိသောမေးခွန်းများ

Q1 လက်ရှိမှာ၊ အထူးကျွမ်းကျင်လုပ်သားဖြင့် အလုပ်လုပ်ကိုင်ရန်အတွက် အရည်အချင်းပြည့်မီမှုမရှိသေးပါ။ စနစ်ရှင်းလင်းပွဲသို့ တက်ရောက်နိုင်ပါသလား?
တက်ရောက်နိုင်ပါသည်။
အထူးကျွမ်းကျင်လုပ်သားဖြင့် အလုပ်လုပ်ကိုင်ရန်စိတ်ဝင်စားသောနိုင်ငံခြားသားများမှာ၊ မည်သူမဆိုတက်ရောက်နိုင်ပါသည်။
Q2 ဂျပန်မဟုတ်သည့် အခြားနိုင်ငံတွင်နေထိုင်လျက်ရှိပါသည်။ စနစ်ရှင်းလင်းပွဲသို့ တက်ရောက်နိုင်ပါသလား?
တက်ရောက်နိုင်ပါသည်။
အင်တာနက်ချိတ်ဆက်ခြင်းနှင့် Zoom အသုံးပြုခြင်းအားလုပ်ဆောင်နိုင်သောသူမှာ၊ မည်သည့်နေရာတွင်နေထိုင်နေပါစေ တက်ရောက်နိုင်ပါသည်။
Q3 လုပ်သားမိတ်ဆက်ရေးကုမ္ပဏီနှင့် လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်း မှဝန်ထမ်းဖြစ်ပါသည်။ စနစ်ရှင်းလင်းပွဲသို့ တက်ရောက်နိုင်ပါသလား?
စနစ်ရှင်းလင်းပွဲသည်၊ အထူးကျွမ်းကျင်လုပ်သားစနစ်အားစိတ်ဝင်စားသည့် နိုင်ငံခြားသားတစ်ဦးချင်းစီအားရည်ရွယ်၍ ပြုလုပ်သောလုပ်ငန်းဖြစ်ပါသည်။
ထို့ကြောင့်၊ လုပ်သားမိတ်ဆက်ရေးကုမ္ပဏီနှင့် လုပ်သားအထောက်အကူပြုမှတ်ပုံတင်အဖွဲ့အစည်းမှသူများမှာ တက်ရောက်ရန်လျှောက်ထားမှုမပြုလုပ်နိုင်ပါ။ အထူးကျွမ်းကျင်လုပ်သားစနစ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို၊ လူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးရုံး၏ဝက်ဆိုက် (https://www.moj.go.jp/isa/applications/ssw/index.html) တွင်တင်ပေးထားသည့်အတွက်၊ ထိုနေရာတွင်ကြည့်ရှုစစ်ဆေးပါ။
သို့သော်၊ နိုင်ငံခြားသားသည် စနစ်ရှင်းလင်းပွဲသို့တက်ရောက်လာသောအခါ၊ လုပ်သားမိတ်ဆက်ရေးကုမ္ပဏီနှင့် လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်းမှသူမှာ အတူတကွလိုက်ပါတက်ရောက်နိုင်ပါသည်။
Q4 လက်ခံရေးအဖွဲ့အစည်း မှဝန်ထမ်းဖြစ်ပါသည်။ စနစ်ရှင်းလင်းပွဲသို့ တက်ရောက်နိုင်ပါသလား?
စနစ်ရှင်းလင်းပွဲသည်၊ အထူးကျွမ်းကျင်လုပ်သားစနစ်အားစိတ်ဝင်စားသည့် နိုင်ငံခြားသားတစ်ဦးချင်းစီအားရည်ရွယ်၍ ပြုလုပ်သောလုပ်ငန်းဖြစ်ပါသည်။
ထို့ကြောင့်၊ လက်ခံရေးအဖွဲ့အစည်းမှသူများမှာ တက်ရောက်ရန်လျှောက်ထားမှုမပြုလုပ်နိုင်ပါ။
အထူးကျွမ်းကျင်လုပ်သားစနစ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို၊ လူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးရုံး၏ဝက်ဆိုက် (https://www.moj.go.jp/isa/applications/ssw/index.html) တွင်တင်ပေးထားသည့်အတွက်၊ ထိုနေရာတွင်ကြည့်ရှုစစ်ဆေးပါ။
Q5 စနစ်ရှင်းလင်းပွဲအပြင်အခြား အထူးကျွမ်းကျင်လုပ်သားနှင့်သက်ဆိုင်သည့် ပွဲများရှိပါသလား?
သက်ဆိုင်ရာနယ်ပယ်၏ တာဝန်ရှိရုံးဌာနနှင့်ဒေသဆိုင်ရာအစိုးရမှ ပြပွဲများအားကျင်းပတတ်ပါသည်။
အထူးကျွမ်းကျင်လုပ်သားအထွေအထွေအထောက်အကူပြုဝက်ဆိုက် (https://www.ssw.go.jp/my/eventfields/) တွင် ပြပွဲသတင်းအချက်အလက်များကို တင်ပေးထားပါသည်။ ထိုနေရာတွင်ကြည့်ရှုစစ်ဆေးပါ။
  • စနစ်ရှင်းလင်းပွဲနှင့်ပတ်သက်၍ဆက်သွယ်စုံစမ်းခြင်း
    Rhino Connect Inc.
    လိပ်စာ :
    ၁၀၂-၀၀၈၃၊ တိုကျိုမြို့၊ ချိယောဒမြို့နယ်၊ ခိုးဂျိမချိ ၃-၅-၂
    BUREX ခိုးဂျိမချိ B1F
    အီးမေးလ် :
    tokuteiginou@plan-sms.co.jp
    ဖုန်းလက်ခံသည့်အချိန် : ၁၀း၀၀ - ၁၇း၀၀

သူနာပြုစောင့်ရှောက်မှုလုပ်ငန်း

စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်

အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း

အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်အလုပ်

ဆောက်လုပ်ရေးလုပ်ငန်း

အိမ်၊ အဆောက်အဦးစသည့် အဆောက်အအုံများ တည်ဆောက်သည့်အလုပ်

စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်

သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း

သင်္ဘောများကို တည်ဆောက်သည့် အလုပ်

ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း

မော်တော်ကားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အလုပ်

လေကြောင်းလုပ်ငန်း

လေယာဉ်တွင် ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊ လေယာဉ်ကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် အလုပ်

ဟိုတယ်လုပ်ငန်း

ဟိုတယ်တွင် ဧည့်ကြိုခြင်းနှင့် ဝန်ဆောင်မှုပေးသည့် အလုပ်

မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်း

ထရပ်ကားနှင့်တက္ကစီတို့အားမောင်းနှင်၍ အထုတ်အပိုးနှင့်လူများအားသယ်ဆောင်ရသည့်အလုပ်

မီးရထားလုပ်ငန်း

မီးရထားအားပြုပြင်ထိန်းသိမ်းခြင်း၊ ရထားလမ်းပေါ်တွင်မောင်းနှင်ပြေးဆွဲခြင်းအားပြုလုပ်သည့်အလုပ်

စိုက်ပျိုးရေးလုပ်ငန်း

ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရိတ်သိမ်းသည့် အလုပ်
ဝက်၊ နွား နှင့် ကြက်စသည့်တိရိစ္ဆာန်များ မွေးမြူသည့်အလုပ်

ရေလုပ်ငန်း

ငါးဖမ်းခြင်း၊ ငါးမွေးခြင်း အလုပ်

စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

အစားအသောက်များကို ပြုလုပ်သည့် အလုပ်

အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း

စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်

သစ်တောလုပ်ငန်း

သစ်ပင်စိုက်ခြင်း၊ သစ်တောထိန်းသိမ်းခြင်းများပြုလုပ်သည့်အလုပ်

သစ်တောထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

သစ်အချောထည်ပြုလုပ်သည့်အလုပ်

next
previous

အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း

အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်အလုပ်၏ ခေါင်းဆောင်

ဆောက်လုပ်ရေးလုပ်ငန်း

အိမ်၊ အဆောက်အဦးစသည့် အဆောက်အအုံများ တည်ဆောက်သည့်အလုပ်၏ ခေါင်းဆောင်

စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်၏ ခေါင်းဆောင်

သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း

သင်္ဘောများကို တည်ဆောက်သည့် အလုပ်၏ ခေါင်းဆောင်

ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း

မော်တော်ကားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အလုပ်၏ ခေါင်းဆောင်

လေကြောင်းလုပ်ငန်း

လေယာဉ်တွင် ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊ လေယာဉ်ကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် အလုပ်၏ ခေါင်းဆောင်

ဟိုတယ်လုပ်ငန်း

ဟိုတယ်တွင် ဧည့်ကြိုခြင်းနှင့် ဝန်ဆောင်မှုပေးသည့် အလုပ်၏ ခေါင်းဆောင်

စိုက်ပျိုးရေးလုပ်ငန်း

ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရိတ်သိမ်းသည့် အလုပ် ဝက်၊ နွား နှင့် ကြက်စသည့်တိရိစ္ဆာန်များ မွေးမြူသည့်အလုပ်၏ ခေါင်းဆောင်

ရေလုပ်ငန်း

ငါးဖမ်းခြင်း၊ ငါးမွေးခြင်း အလုပ်၏ ခေါင်းဆောင်

စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

အစားအသောက်များကို ပြုလုပ်သည့် အလုပ်၏ ခေါင်းဆောင်

အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း

စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်၏ ခေါင်းဆောင်

next
previous