အလုပ်လုပ်သူများ၏ အသံ

အထူးကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ဗီဇာဖြင့် အမှန်တကယ်အလုပ်လုပ်နေသောသူများ၏ မှတ်ချက်များကို တင်ပြပါမည်။

သူနာပြုစောင့်ရှောက်မှုလုပ်ငန်း

  • EPA သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလက်မှတ်လျှောက်ထားသူအဖြစ် ဖြတ်သန်းခဲ့တဲ့ ၄နှစ်တာကာလအတွင်း ဂျပန်နိုင်ငံရဲ့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူအဖြစ် အလုပ်လုပ်ချင်စိတ် မြင့်မားလာပါတယ်။ ပြီးတော့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအလုပ်သင်လုပ်သားကျွမ်းကျင်မှုနိုင်ငံအဆင့်စာမေးပွဲကို ၇မှတ်အလိုနဲ့ကျသွားခဲ့တာကြောင့် နောက်တစ်ကြိမ်ပြန်ဖြေမယ်လို့ စိတ်ကူးထားပါတယ်။
  • သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအလုပ်သင်လုပ်သားကျွမ်းကျင်မှုစာမေးပွဲကို စောစောအောင်မြင်ပြီး အင်ဒိုနီးရှားမှာရှိတဲ့ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူဖြစ်ဖို့ ရည်မှန်းချက်ရှိသူများကို သင်တန်းပေးခြင်းနဲ့ သူနာပြုစောင့်ရှောက်မှုလုပ်ငန်းရဲ့ ကောင်းကွက်များကို မျှဝေချင်ပါသည်။

အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း

  • ဂျပန်သို့မလာခင်က စိုးရိမ်မှုရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့အထောက်အပံ့တွေကြောင့် နေထိုင်မှုမှာ အမြန်နေသားကျလာခဲ့ပါတယ်။
    ဂျပန်နိုင်ငံရဲ့ အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်းနည်းပညာ၊ ဂျပန်စကား၊ ဂျပန်ယဉ်ကျေးမှုတွေကို နားလည်သဘောပေါက်လာနိုင်ပြီး ဒီကုမ္ပဏီမှာအလုပ်ရခဲ့တာ ကံကောင်းတယ်လို့ပြောရမှာပါ။
    အနာဂတ်မှာလည်း ဗီယက်နမ်မှာ ဂျပန်စာနဲ့သက်ဆိုင်တဲ့အလုပ်တွေနဲ့ ဂျပန်သွားချင်တဲ့လူတွေကို အကူအညီပေးချင်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း

  • ပထမဆုံး ဂျပန်နိုင်ငံကို နည်းပညာလေ့လာရေးသင်တန်းသားအဖြစ်လာခဲ့တုန်းက အလုပ်နှင့် နေထိုင်မှုဘဝမှာ
    မှတ်စရာအချက်တွေ များပြားလွန်းတာကြောင့် အခက်အခဲဖြစ်ခဲ့ပါတယ်။
  • နောက်တစ်ကြိမ်ဂျပန်ပြန်လာတဲ့အခါမှာတော့ ဂျပန်ရဲ့ ပုံစံ၊ ယဉ်ကျေးမှုများနဲ့ အသားကျခဲ့တဲ့အတွက် သက်တောင့်သက်သာနဲ့ နေထိုင်နိုင်ခဲ့ပါတယ်။

စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

  • ဂျပန်သို့ရောက်ခါစက အပင်ပန်းခံခဲ့ရပေမယ့် အလုပ်လုပ်ပြီး ကိုယ်တိုင်အခြေအနေကောင်းမွန်လာကာ မိသားစုကိုလည်း ကူညီပေးနိုင်နေခြင်းကို သတိထားမိပါသည်။
    အလုပ်မှာ အသားကျလာပြီဖြစ်တဲ့အတွက် နောက်ထပ်ရည်မှန်းချက်ကတော့ ကောင်းမွန်သောထုတ်ကုန်များကို ပို၍မြန်မြန် ပြုလုပ်နိုင်ဖို့ ဖြစ်ပါသည်။
  • ဂျပန်ကိုမလာခင်အချိန်အထိ အလွန်စိတ်ပူခဲ့ရပေမယ့် စီနီယာများနှင့် အထက်လူကြီးများက နူးညံ့သိမ်မွေ့စွာ သင်ကြားပေးတာကြောင့် အခုအချိန်မှာ သူတို့ကယုံကြည့်အားထားပေးကြတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။

သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း

  • ပထမအစမှာ နည်းပညာလေ့လာရေးသင်တန်းသားနှင့် သင်္ဘောတည်ဆောက်ရေးအလုပ်သမားအဖြစ် ပြီးတော့ အခုတစ်ကြိမ်မှာ အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) နေထိုင်ခွင့်ဗီဇာနဲ့ အလုပ်လုပ်ခွင့်ရတာကြောင့် ဝမ်းမြောက်မိပါတယ်။
  • ဝင်ရောက်တဲ့ကုမ္ပဏီမှာ လေ့ကျင့်ရေးသင်တန်းသားအဖြစ်လည်းကောင်း၊ အလုပ်သမားအဖြစ်လည်းကောင်း နေထိုင်ဖူးတဲ့အတွေ့အကြုံရှိပြီး၊ ကုမ္ပဏီနဲ့ ဝရိန်ဆော်သည့်အလုပ်မှာလည်း အသားကျနေပြီဖြစ်တာကြောင့် အလုပ်လုပ်ရလွယ်ကူပါသည်။
  • လုပ်ငန်းခွင်မှာလည်း လေ့ကျင့်ရေးသင်တန်းသားတွေနဲ့ အလုပ်သမားများကို အလုပ်သင်ပေးခြင်းနဲ့ အဖွဲ့၏စီမံခန့်ခွဲသူ
    အနေဖြစ် ကြိုးစားလုပ်ကိုင်ချင်ပါတယ်။
  • အဆောင်မှာလည်း ကုမ္ပဏီ၊ စူပါမားကတ်တို့နဲ့ နီးသောနေရာတွင်ရှိတာကြောင့် အဆင်ပြေပါတယ်။

လေကြောင်းလုပ်ငန်း

  • လေကြောင်းလုပ်ငန်းနယ်ပယ်ဆိုင်ရာ အထူးကျွမ်းကျင်လုပ်သား အရည်အချင်းစစ်စာမေးပွဲကိုဖြေဆို၍ အလုပ်ဝင်ရောက်ခဲ့ပါသည်။ ယခင်ကတည်းကပင် လေကြောင်းလုပ်ငန်းနယ်ပယ်ကို စိတ်ဝင်စားခဲ့သောကြောင့်၊ ဤကုမ္ပဏီသို့ဝင်ရောက်နိုင်ခဲ့ခြင်းအား အလွန်ဝမ်းမြောက်မိပါသည်။ အလုပ်မဝင်ရောက်မီနှင့် အလုပ်ဝင်ရောက်ပြီးနောက်တွင်လည်း ပံ့ပိုးကူညီမှုများစွာရရှိခဲ့ခြင်းကြောင့် အထူးကျေးဇူးတင်ရှိပါသည်။
  • အလုပ်မှာပျော်ရွှင်စရာကောင်းပြီး အခက်အခဲတစ်စုံတစ်ရာမရှိပါ။ နားမလည်သည့်အရာများရှိပါက မဖြစ်မနေမေးမြန်းကာ ဖြေရှင်းလေ့ရှိပါသည်။ လစာကောင်းမွန်သဖြင့် အလွန်ကျေနပ်အားရပါသည်။

ဟိုတယ်လုပ်ငန်း

  • အဓိကအားဖြင့် စားသောက်ဆိုင်ဝန်ဆောင်မှုအလုပ်များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ရာထူးတိုးမြှင့်ခံရနိုင်သည့် အခွင့်အလမ်းများရှိသောကြောင့် အလုပ်အပေါ် တွင် စိတ်ကျေနပ်မှုကိုခံစားရပါသည်။ ဧည့်သည်များထံမှ တိုက်ရိုက်ချီးကျူးစကားပြောဆိုခံရခြင်း၊ စစ်တမ်းများတွင် မိမိ၏အမည်ဖြင့် မှတ်ချက်ကောင်းများမကြာခဏရရှိခြင်းတို့ကြောင့်လည်း အလုပ်အပေါ်ပိုမိုစိတ်အားထက်သန်မှုရှိစေပါသည်။

မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်း

  • ဝန်ထမ်းများအားလုံး အလုပ်လုပ်ကိုင်ရလွယ်ကူကာ ပျော်ရွှင်စွာလုပ်ကိုင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းခွင်အား ဖော်ဆောင်ရန်လိုအပ်ပါသည်။ ဧည့်သည်များအားစိတ်ကျေနပ်မှုရရှိနိုင်သည့် ဝန်ဆောင်မှုကိုလည်းပေးလိုသောကြောင့်၊ အလုပ်အပေါ်တွင် စိတ်ကျေနပ်မှုများစွာခံစားရပါသည်။ ဂျပန်နိုင်ငံ၏ ဧည့်ဝန်ဆောင်မှုလုပ်ငန်းစံနှုန်းများကို မိမိ၏နိုင်ငံတွင်လည်း ပြန့်ပွားအောင်လုပ်ဆောင်သွားလိုပါသည်။

မီးရထားလုပ်ငန်း

  • ဧည်သည့်သည် မည်သည့်အရာများကို စဥ်းစားနေသည်ဆိုသည်အား ခန့်မှန်းတွေးတောရင်း အလုပ်လုပ်ကိုင်ရသည်မှာ ခက်ခဲမှုရှိသော်လည်း၊ အလုပ်လုပ်ကိုင်ရကျိုးနပ်ကာ ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ခံစားရပါသည်။ အရာအားလုံးကို သင်ကြားပေးမှသာ သင်ယူခြင်းမဟုတ်ဘဲ၊ နားမလည်သည့်အရာများရှိပါက အနီးရှိစီနီယာများထံမေးမြန်းခြင်း၊ မိမိကိုယ်တိုင် ကြည့်ရှုမှတ်သားခြင်းများဖြင့် လေ့လာသင်ယူကာ ကြိုးစားသွားလိုပါသည်။