မည်ကဲ့သို့လုပ်ဆောင်ပါက အလုပ်လုပ်ခွင့်ရနိုင်မည်နည်း

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) နေထိုင်ခွင့်ဗီဇာဖြင့် အလုပ်လုပ်ရန်အတွက် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ နှင့် ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲကို ဖြေဆိုအောင်မြင်ရန် လိုအပ်ပါသည်။ (နည်းပညာလေ့လာရေးနံပါတ်(၂) ကို ကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲအောင်ရန် မလိုအပ်ပါ။ သို့သော်လည်း တခြားသောနယ်ပယ်တွင် အလုပ်လုပ်မည့်အခါမျိုးတွင်မူ အလုပ်လုပ်ချင်သည့် နယ်ပယ်၏ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲ အောင်ရန်လိုအပ်ပါသည်)။
ထို့နောက် ကုမ္ပဏီနှင့် စာချုပ်ချုပ်လိုက်ပါက အထူးကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ဗီဇာကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

အလုပ်လုပ်ရသည့်အချိန်အထိ အဆင့်များ

အခြားနိုင်ငံတွင် ရှိသူဖြစ်ပါက

ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ၊ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲ အောင်ထားရန် (နည်းပညာလေ့လာရေးကို ကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲအောင်ရန် မလိုအပ်ပါ။)

ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း

လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း

အလုပ်လုပ်ခြင်း

ဂျပန်တွင်ရှိနေသည့် ပညာတော်သင်ကျောင်းသားဖြစ်ပါက

ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ၊ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲ
အောင်ထားရန်

ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း

လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း

အလုပ်လုပ်ခြင်း

ဂျပန်တွင်ရှိနေသည့် နည်းပညာလေ့လာရေးသင်တန်းသားဖြစ်ပါက (တူညီသော ကုမ္ပဏီ)

လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း

အလုပ်လုပ်ခြင်း

ဂျပန်တွင်ရှိနေသည့် နည်းပညာလေ့လာရေးသင်တန်းသားဖြစ်ပါက (မတူညီသော ကုမ္ပဏီ)

ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း

လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း

အလုပ်လုပ်ခြင်း

*နည်းပညာလေ့လာရေး၏အလုပ်နှင့် ဆက်နွယ်မှုရှိသော နယ်ပယ်တွင် အလုပ်လုပ်သည့်အခါ။