လိုအပ်သော စာရွက်စာတမ်းများအကြောင်း

သင့်အနေဖြင့် “အထူးကျွမ်းကျင်လုပ်သား” ခွင့်ပြုချက်ကို ရယူရန်အတွက် အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

  • လျှောက်လွှာ (သင်နှင့်ကုမ္ပဏီမှ ရေးရပါမည်။)
  • ကျန်းမာရေးလက်မှတ် (ဆေးရုံတွင် ယူရပါမည်။)
  • ပင်စင်ငွေ၊ ကျန်းမာရေးအာမခံငွေနှင့် အခွန်ငွေ စာရွက်စာတမ်းများ (မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် ကုမ္ပဏီတွင် ယူရပါမည်။)
    • အခွန်ကြေညာချက်လက်မှတ်၊ အခွန်ပေးချေပြီးကြောင်းလက်မှတ်၊
    • အခွန်ဖြတ်ပိုင်း
    • အမျိုးသားကျန်းမာရေးအာမခံထားသူလက်မှတ်မိတ္တူ၊
    • အမျိုးသားကျန်းမာရေးအာမခံပေးချေပြီးကြောင်းလက်မှတ်
  • စာမေးပွဲအောင်မြင်ကြောင်း သက်သေခံစာရွက်စာတမ်း
  • နှစ်နိုင်ငံအကြားအပြန်အလှန်သဘောတူညီမှုအရ စည်းကမ်းသတ်မှတ်ထားသော လိုက်နာရမည့်လုပ်ငန်းစဥ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ (၂၀၂၂ ခုနှစ် မတ်လအချိန်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံသားများမှာ လိုအပ်ပါသည်။)

* ဤသည်များအပြင် ကုမ္ပဏီ၏ စာရွက်စာတမ်းများလည်း လိုအပ်သောကြောင့် ကုမ္ပဏီနှင့် လုပ်ထုံးလုပ်နည်းများဆွေးနွေးတိုင်ပင်ကာ ဆက်လက်ဆောင်ရွက်ပါ။

လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ ဒေါင်းလုတ်လုပ်ရန်

လျှောက်လွှာတင်ရန်အသုံးပြုသည့် စာရွက်စာတမ်းများ (ရေးပုံရေးနည်းနမူနာ၊ အချို့သောနိုင်ငံခြားဘာသာ စာရွက်စာတမ်း) အား လူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးရုံးဝဘ်ဆိုက်မှ ဒေါင်းလုတ် လုပ်နိုင်ပါသည်။

ရေးနည်းဥပမာ

နိုင်ငံခြားဘာသာစကားဖြင့်လည်း လူဝင်မှုကြီးကြပ်ရေးရုံး၏ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

နိုင်ငံခြားသားနေထိုင်သူများအတွက်အထွေထွေသတင်းအချက်အလက်စင်တာ

Tel ၀၅၇၀-၀၁၃၉၀၄ (IP, PHS, နိုင်ငံခြားဖုန်း: ၀၃-၅၇၉၆-၇၁၁၂)
* ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား၊ စပိန်၊ ပေါ်တူဂီဘာသာများဖြင့် ဖြေကြားပေးပါသည်။
အီးမေးလ်