- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"ဟိုတယ်လုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"ဟိုတယ်လုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
ဟိုတယ်တွင် ဧည့်ကြိုခြင်းနှင့် ဝန်ဆောင်မှုပေးသည့် အလုပ်
လုပ်ငန်းအကြောင်းအရာ
ဟိုတယ်လုပ်ငန်းရှိ ဧည့်ကြိုကောင်တာ၊ အစီအစဥ်ရေးဆွဲခြင်းနှင့် Public Relationship လုပ်ငန်း၊ ဧည့်သည်ဝန်ဆောင်မှု၊ စားသောက်ဆိုင်ဝန်ဆောင်မှုစသည့် ဟိုတယ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများပေးခြင်းကို လုပ်ကိုင်ဆောင်ရွက်သည့်လုပ်ငန်း
လက်ခံရန်ခန့်မှန်းထားသောလူဦးရေ
၂၃,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“ဟိုတယ်လုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အကဲဖြတ်စာမေးပွဲ”
*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။
ဂျပန်ဘာသာစကားစွမ်းရည်
“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”
*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။