အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"စိုက်ပျိုးရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍

ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရိတ်သိမ်းသည့်အလုပ်
ဝက်၊ နွားနှင့်ကြက်စသည့် တိရိစ္ဆာန်များမွေးမြူသည့်အလုပ်

လုပ်ငန်းအကြောင်းအရာ

  • ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုး
    စိုက်ပျိုးရေးစီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးထုတ်ကုန်များအား စုဆောင်းခြင်း၊ တင်ပို့ခြင်းနှင့်‌ရွေးချယ်ခြင်း စသည်
  • မွေးမြူရေးလုပ်ငန်းအမျိုးမျိုး
    မွေးမြူရေးစီမံခန့်ခွဲမှု၊ မွေးမြူရေးထုတ်ကုန်များအား စုဆောင်းခြင်း၊ တင်ပို့ခြင်းနှင့်‌ရွေးချယ်ခြင်း စသည်

လက်ခံရန်ခန့်မှန်းထားသောလူဦးရေ

၇၈,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“နံပါတ်(၁) စိုက်ပျိုးရေးလုပ်ငန်း ကျွမ်းကျင်မှုတိုင်းတာစစ်ဆေးခြင်းစာမေးပွဲ”

*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။

ဂျပန်ဘာသာစကားစွမ်းရည်

“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”

*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။

ဥပမာမိတ်ဆက်ခြင်း

နဂဆခိခရိုင်တွင် ဆလတ်ရွက်စသည့်ဟင်းသီးဟင်းရွက်များ၏ စိုက်ပျိုးရေးလုပ်ငန်းအား လယ်သမားများအစား၊ နိုင်ငံခြားသားများမှတာဝန်ယူ၍ တက်ကြွစွာလုပ်ကိုင်လျက်ရှိပါသည်။
ခရိုင်မှဦးဆောင်၍ ဝန်ထမ်းစေလွှတ်ရေးကုမ္ပဏီအား တည်ထောင်ခဲ့ပါသည်။
နိုင်ငံခြားသားများ စိတ်အေးချမ်းစွာနေထိုင်၍ အလုပ်လုပ်ကိုင်နိုင်သည့် ပတ်ဝန်းကျင်အားဖန်တီးလျက်ရှိပါသည်။