အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"အစားအသောက်ဝန်ဆောင်မှု" နယ်ပယ်နှင့်ပတ်သက်၍

စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်

အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အဖြစ် နေထိုင်လျက်ရှိသူအရေအတွက်မှာ ယခုနှစ် မေလဝန်းကျင်တွင် လက်ခံရန်ခန့်မှန်းထားသောလူဦးရေ (လက်ခံနိုင်သည့်အများဆုံးအရေအတွက် - ၅ သောင်း) အားကျော်လွန်မည်ဟု ခန့်မှန်းထားသောကြောင့်၊ ယခုနှစ် ဧပြီလ ၁၃ ရက်မှစတင်၍ နေထိုင်ခွင့်ဗီဇာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းအား ရပ်ဆိုင်းရန်သတ်မှတ်ထားပါသည်။

အသေးစိတ်အား အောက်ပါလင့်ခ်မှ ဝင်ရောက်ကြည့်ရှုပါ။

လုပ်ငန်းအကြောင်းအရာ

အထွေထွေအစားအသောက် ဝန်ဆောင်မှုလုပ်ငန်း (အစားအသောက်ချက်ပြုတ်ခြင်း၊ ဧည့်သည်ဝန်ဆောင်ခြင်း၊ ဆိုင်စီမံခန့်ခွဲခြင်း)

လက်ခံရန်ခန့်မှန်းထားသောလူဦးရေ

၅၃,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) ကျွမ်းကျင်မှုတိုင်းတာစစ်ဆေးခြင်းစာမေးပွဲ”

*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။

ဂျပန်ဘာသာစကားစွမ်းရည်

“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”

*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။

ဥပမာမိတ်ဆက်ခြင်း