အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"အစားအသောက်ဝန်ဆောင်မှု" နယ်ပယ်နှင့်ပတ်သက်၍

စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်

လုပ်ငန်းအကြောင်းအရာ

အထွေထွေအစားအသောက် ဝန်ဆောင်မှုလုပ်ငန်း (အစားအသောက်ချက်ပြုတ်ခြင်း၊ ဧည့်သည်ဝန်ဆောင်ခြင်း၊ ဆိုင်စီမံခန့်ခွဲခြင်း) နှင့်ဆိုင်စီမံအုပ်ချုပ်ခြင်း

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) ကျွမ်းကျင်မှုတိုင်းတာစစ်ဆေးခြင်းစာမေးပွဲ” နှင့် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N3 နှင့်အထက်)”

လုပ်ငန်းအတွေ့အကြုံ

အစားအသောက်ဘေးကင်းရေးနှင့်လုံခြုံရေးဥပဒေအရ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသော စားသောက်ဆိုင်၌ အချိန်ပိုင်းအလုပ်သမားများနှင့် နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုနှင့်ကြီးကြပ်မှုများပြုလုပ်ကာ ဧည့်သည်ဝန်ဆောင်မှုအပါအဝင် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ပြီး၊ ဆိုင်စီမံခန့်ခွဲမှုအား အကူအညီပေးသူ (လက်ထောက်တာဝန်ခံ၊ လက်ထောက်မန်နေဂျာ စသည်) အဖြစ်လုပ်ကိုင်ခဲ့သည့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။ (သို့သော်၊ ထိုသို့လုပ်ကိုင်ခဲ့သည်မှာ လယ်ယာ၊ သစ်တောနှင့်‌ ရေလုပ်ငန်းဝန်ကြီးမှ သီးခြားသတ်မှတ်ထားသည့်ကာလအား ‌ကျော်လွန်ခြင်းမရှိသူဖြစ်ရမည်။)

ဥပမာမိတ်ဆက်ခြင်း