အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍

သင်္ဘောများကို တည်ဆောက်သည့် အလုပ်

လုပ်ငန်းအကြောင်းအရာ

  • သင်္ဘောတည်ဆောက်မှု
    အလုပ်သမားများအား ဦးဆောင်ညွှန်ကြားခြင်း၊ အမိန့်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းများပြုလုပ်ကာ၊ သင်္ဘောတည်ဆောက်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း
  • သင်္ဘောသုံးစက်ပစ္စည်းများ
    အလုပ်သမားများအား ဦးဆောင်ညွှန်ကြားခြင်း၊ အမိန့်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းများပြုလုပ်ကာ၊ သင်္ဘောသုံးစက်ပစ္စည်းများ၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း
  • သင်္ဘောသုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ
    အလုပ်သမားများအား ဦးဆောင်ညွှန်ကြားခြင်း၊ အမိန့်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းများပြုလုပ်ကာ၊ သင်္ဘောသုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) စာမေးပွဲ” သို့မဟုတ် “ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲ အဆင့် (၁)”

*သက်ဆိုင်သည့်ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။

လုပ်ငန်းအတွေ့အကြုံ

အလုပ်သမားများအား ဦးဆောင်ညွှန်ကြားခြင်း၊ အမိန့်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းများပြုလုပ်သည့် ကြီးကြပ်သူအဖြစ် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။

ဥပမာမိတ်ဆက်ခြင်း

လုပ်သားလက်ခံထားသည့်ကုမ္ပဏီ၏ အကဲဖြတ်ချက်ဖြစ်ပါသည်။

လေ့လာရေးသင်တန်းသားရဲ့ အတွေ့အကြုံကိုအသုံးချပြီး ဂျပန်နိုင်ငံမှာ နည်းပညာတိုးတက်အောင် ပိုပြီးလုပ်နိုင်တဲ့အတွက် အထူးကျွမ်းကျင်လုပ်သားက နိုင်ငံခြားသားတွေအတွက်ရော လုပ်ငန်းအတွက်ပါ လိုအပ်တဲ့စနစ်ဖြစ်ပါတယ်။
အထူးကျွမ်းကျင်လုပ်သားရဲ့တည်ရှိမှုဟာ လေ့လာရေးသင်တန်းသား၊ အလုပ်သမားတွေကို စိတ်အားထက်သန်မှုဖြစ်ပေါ်စေပါတယ်။
အသက်မွေးဝမ်းကြောင်းတိုးတက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။