- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
သင်္ဘောများကို တည်ဆောက်သည့် အလုပ်
လုပ်ငန်းအကြောင်းအရာ
- သင်္ဘောတည်ဆောက်မှု
ကြီးကြပ်သူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သင်္ဘောတည်ဆောက်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - သင်္ဘောသုံးစက်ပစ္စည်းများ
ကြီးကြပ်သူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သင်္ဘောသုံးစက်ပစ္စည်းများ၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - သင်္ဘောသုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ
ကြီးကြပ်သူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သင်္ဘောသုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း
လက်ခံရန်ခန့်မှန်းထားသောလူဦးရေ
၃၆,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) စာမေးပွဲ” သို့မဟုတ် “ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲ အဆင့် (၃)”
*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။
ဂျပန်ဘာသာစကားစွမ်းရည်
“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”
*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။
ဥပမာမိတ်ဆက်ခြင်း
လုပ်သားလက်ခံထားသည့်ကုမ္ပဏီ၏ အကဲဖြတ်ချက်ဖြစ်ပါသည်။
လေ့လာရေးသင်တန်းသားရဲ့ အတွေ့အကြုံကိုအသုံးချပြီး ဂျပန်နိုင်ငံမှာ နည်းပညာတိုးတက်အောင် ပိုပြီးလုပ်နိုင်တဲ့အတွက် အထူးကျွမ်းကျင်လုပ်သားက နိုင်ငံခြားသားတွေအတွက်ရော လုပ်ငန်းအတွက်ပါ လိုအပ်တဲ့စနစ်ဖြစ်ပါတယ်။
အထူးကျွမ်းကျင်လုပ်သားရဲ့တည်ရှိမှုဟာ လေ့လာရေးသင်တန်းသား၊ အလုပ်သမားတွေကို စိတ်အားထက်သန်မှုဖြစ်ပေါ်စေပါတယ်။
အသက်မွေးဝမ်းကြောင်းတိုးတက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။