- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်
လုပ်ငန်းအကြောင်းအရာ
- သတ္တုနှင့်စက်ပစ္စည်းပြုပြင်မှု
ကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုများပြုလုပ်ကာ၊ အခြေခံထုတ်ကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးစက်ပစ္စည်းစသည်တို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲခြင်း - လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများတပ်ဆင်မှု
ကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုများပြုလုပ်ကာ၊ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းစသည်တို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်၊ တပ်ဆင်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲခြင်း - သတ္တုမျက်နှာပြင်ပြုပြင်မှု
ကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုများပြုလုပ်ကာ၊ မျက်နှာပြင်ပြုပြင်မှု စသည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲခြင်း
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
ကျွမ်းကျင်မှုအဆင့်လိုအပ်ချက်နှင့်ကိုက်ညီရန် အောက်ပါစာမေးပွဲသတ်မှတ်ချက်များမှတစ်ခုခုအား အောင်မြင်ရန်လိုအပ်ပါသည်။
- “ထုတ်လုပ်မှုနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) အကဲဖြတ်စာမေးပွဲ” နှင့် “စီးပွားရေးနှင့်အလုပ်အကိုင်စွမ်းရည် အရည်အချင်းစစ်စာမေးပွဲ အဆင့် (၃)”
- “ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲ အဆင့် (၁)”
*သက်ဆိုင်သည့်ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။
လုပ်ငန်းအတွေ့အကြုံ
ဂျပန်နိုင်ငံအခြေစိုက်ကုမ္ပဏီ၏ ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။