- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်
လုပ်ငန်းအကြောင်းအရာ
- သတ္တုနှင့်စက်ပစ္စည်းပြုပြင်မှု
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အခြေခံထုတ်ကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးစက်ပစ္စည်းစသည်တို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများတပ်ဆင်မှု
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းစသည်တို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်၊ တပ်ဆင်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - သတ္တုမျက်နှာပြင်ပြုပြင်မှု
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မျက်နှာပြင်ပြုပြင်မှု စသည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - စက္ကူဘူးနှင့်ကတ်ထူပုံးထုတ်လုပ်မှု
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စက္ကူဘူးနှင့်ကတ်ထူပုံးတို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - ကွန်ကရစ်ထုတ်ကုန်ထုတ်လုပ်မှု
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကွန်ကရစ်ထုတ်ကုန်တို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - RPF ထုတ်လုပ်မှု
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကြိတ်ခွဲခြင်းနှင့်ပုံဖော်ခြင်း စသည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - ကြွေထည်ထုတ်ကုန်ထုတ်လုပ်မှု
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကြွေထည်ထုတ်ကုန်တို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - ပုံနှိပ်ခြင်းနှင့်စာအုပ်ချုပ်ခြင်း
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် Offset printing၊ Gravure printing နှင့်စာအုပ်ချုပ်ခြင်းစသည့် လုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - အထည်အလိပ်ထုတ်ကုန်ထုတ်လုပ်မှု
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အထည်အလိပ်ထုတ်ကုန်တို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း - စက်ချုပ်ခြင်း
ညွှန်ကြားသူ၏ ညွန်ကြားချက်အားနားလည်ပြီး သို့မဟုတ် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စက်ချုပ်လုပ်ငန်းစဥ်များတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း
လက်ခံရန်ခန့်မှန်းထားသောလူဦးရေ
၁၇၃,၃၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“ထုတ်လုပ်မှုနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အကဲဖြတ်စာမေးပွဲ”
*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ (သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။)
ဂျပန်ဘာသာစကားစွမ်းရည်
“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”
*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။