အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"ရေလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍

ငါးဖမ်းခြင်း၊ ငါးမွေးခြင်း အလုပ်

လုပ်ငန်းအကြောင်းအရာ

  • ရေလုပ်ငန်း
    ငါးဖမ်းကိရိယာများ ပြုလုပ်ခြင်းနှင့်ပြုပြင်ခြင်း၊ ရေနေသတ္တဝါနှင့်အပင်များရှာဖွေခြင်း၊ ငါးဖမ်းကိရိယာနှင့် စက်ပစ္စည်းများအသုံးပြုခြင်း၊ ရေနေသတ္တဝါနှင့်အပြင်များဖမ်းယူခြင်း၊ ဖမ်းမိသည့်ငါးများအား စီမံခြင်းနှင့်သိုလှောင်ခြင်း၊ ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးထိန်းသိမ်းခြင်းစသည့် လုပ်ငန်းလည်ပတ်မှုများကို ဦးဆောင်ကြီးကြပ်သူအား အကူအညီပေးခြင်း၊ အလုပ်သမားများအား ညွှန်ကြားမှုပြုလုပ်ခြင်းနှင့် လုပ်ငန်းစဥ်အားစီမံခန့်ခွဲခြင်း 
  • ငါးမွေးမြူရေးလုပ်ငန်း
    မွေးမြူရေးပစ္စည်းများ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းနှင့်စီမံခန့်ခွဲခြင်း၊ မွေးမြူရေးရေနေသတ္တဝါနှင့်အပင်များ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံခန့်ခွဲခြင်း၊ မွေးမြူရေးရေနေသတ္တဝါနှင့်အပင်များအား ဖမ်းယူခြင်း၊ စီမံခြင်း၊ ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးထိန်းသိမ်းခြင်းစသည့် မွေးမြူရေးအားစီမံခန့်ခွဲသူအား အကူအညီပေးခြင်း၊ အလုပ်သမားများအား ညွှန်ကြားမှုပြုလုပ်ခြင်းနှင့် လုပ်ငန်းစဥ်အားစီမံခန့်ခွဲခြင်း 

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“နံပါတ်(၂) ရေလုပ်ငန်း ကျွမ်းကျင်မှုတိုင်းတာစစ်ဆေးခြင်းစာမေးပွဲ” နှင့် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N3 နှင့်အထက်)”

လုပ်ငန်းအတွေ့အကြုံ

  • ရေလုပ်ငန်း
    ငါးဖမ်းရေယာဥ်ဥပဒေ (၁၉၅၀ ခုနှစ် ဥပဒေအမှတ် ၁၇၈) အရမှတ်ပုံတင်ထားသော ငါးဖမ်းရေယာဥ်တွင်၊ လုပ်ငန်းလည်ပတ်မှုများကို ဦးဆောင်ကြီးကြပ်သူအား အကူအညီပေးသူ သို့မဟုတ် အလုပ်သမားများအား ညွှန်ကြားမှုများပြုလုပ်ကာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲသူအဖြစ်လုပ်ကိုင်ခဲ့သည့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။
  • ငါးမွေးမြူရေးလုပ်ငန်း
    ရေလုပ်ငန်းဥပဒေ (၁၉၄၉ ခုနှစ် ဥပဒေအမှတ် ၂၆၇) နှင့် ရေချိုငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဥပဒေ (၂၀၁၄ ခုနှစ် ဥပဒေအမှတ် ၁၀၃) အရလုပ်ကိုင်ဆောင်ရွက်သည့် ငါးမွေးမြူရေးလုပ်ငန်းခွင်၌ မွေးမြူရေးအားစီမံခန့်ခွဲသူအား အကူအညီပေးသူ သို့မဟုတ် အလုပ်သမားများအား ညွှန်ကြားမှုများပြုလုပ်ကာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲသူအဖြစ်လုပ်ကိုင်ခဲ့သည့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။

ဥပမာမိတ်ဆက်ခြင်း

အိရှိခဝခရိုင်ရှိ ငါးဖမ်းသင်္ဘောအစီး ၂၀ ကျော်တွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်လျက်ရှိပါသည်။
ဂျပန်ဘာသာစကား လေ့လာရေးပွဲတွင်ပါဝင်ခြင်း၊ နိုင်ငံခြားသားဝန်ထမ်းများဖြင့်အဖွဲ့ဖွဲ့ကာ ဒေသခံလူမှုဖူလုံရေးအဆောက်အဦများနှင့် ကျောင်းများသို့သွားရောက်ခြင်းစသည်ဖြင့် ဒေသခံများနှင့်ဆက်ဆံရေးကိုလည်း ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိပါသည်။