အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"ရေလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍

ငါးဖမ်းခြင်း၊ ငါးမွေးခြင်း အလုပ်

လုပ်ငန်းအကြောင်းအရာ

  • ရေလုပ်ငန်း
    ငါးဖမ်းကိရိယာများ ပြုလုပ်ခြင်းနှင့်ပြုပြင်ခြင်း၊ ရေနေသတ္တဝါနှင့်အပင်များရှာဖွေခြင်း၊ ငါးဖမ်းကိရိယာနှင့် စက်ပစ္စည်းများအသုံးပြုခြင်း၊ ရေနေသတ္တဝါနှင့်အပြင်များဖမ်းယူခြင်း၊ ဖမ်းမိသည့်ငါးများအား စီမံခြင်းနှင့်သိုလှောင်ခြင်း၊ ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးထိန်းသိမ်းခြင်း စသည်
  • ငါးမွေးမြူရေးလုပ်ငန်း
    မွေးမြူရေးပစ္စည်းများ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းနှင့်စီမံခန့်ခွဲခြင်း၊ မွေးမြူရေးရေနေသတ္တဝါနှင့်အပင်များ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံခန့်ခွဲခြင်း၊ မွေးမြူရေးရေနေသတ္တဝါနှင့်အပင်များအား ဖမ်းယူခြင်း၊ စီမံခြင်း၊ ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးထိန်းသိမ်းခြင်း စသည်

လက်ခံရန်ခန့်မှန်းထားသောလူဦးရေ

၁၇,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“နံပါတ်(၁) ရေလုပ်ငန်း ကျွမ်းကျင်မှုတိုင်းတာစစ်ဆေးခြင်းစာမေးပွဲ”

*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။

ဂျပန်ဘာသာစကားစွမ်းရည်

“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”

*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။

ဥပမာမိတ်ဆက်ခြင်း

အိရှိခဝခရိုင်ရှိ ငါးဖမ်းသင်္ဘောအစီး ၂၀ ကျော်တွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်လျက်ရှိပါသည်။
ဂျပန်ဘာသာစကား လေ့လာရေးပွဲတွင်ပါဝင်ခြင်း၊ နိုင်ငံခြားသားဝန်ထမ်းများဖြင့်အဖွဲ့ဖွဲ့ကာ ဒေသခံလူမှုဖူလုံရေးအဆောက်အဦများနှင့် ကျောင်းများသို့သွားရောက်ခြင်းစသည်ဖြင့် ဒေသခံများနှင့်ဆက်ဆံရေးကိုလည်း ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိပါသည်။