- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"ဆောက်လုပ်ရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"ဆောက်လုပ်ရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အိမ်၊ အဆောက်အဦးစသည့် အဆောက်အအုံများ တည်ဆောက်သည့်အလုပ်
လုပ်ငန်းအကြောင်းအရာ
- မြို့ပြအင်ဂျင်နီယာ
ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုများပြုလုပ်ကာ၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာအဆောက်အအုံသစ်များဆောက်လုပ်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းများနှင့် သက်ဆိုင်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲခြင်း - အဆောက်အဦးဆောက်လုပ်ရေး
ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုများပြုလုပ်ကာ၊ အဆောက်အဦးသစ်များဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲပြင်ဆင်ခြင်းများနှင့် သက်ဆိုင်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲခြင်း - အသက်သွေးကြောနှင့်ဆက်စပ်ပစ္စည်းများ
ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုများပြုလုပ်ကာ၊ ဆက်သွယ်ရေး၊ ဓာတ်ငွေ့၊ ရေ၊ လျှပ်စစ်စသည်တို့အပြင် အခြားအသက်သွေးကြောနှင့်ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းခြင်း၊ တပ်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်ခြင်းများနှင့် သက်ဆိုင်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲခြင်း
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) အကဲဖြတ်စာမေးပွဲ”၊ “ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲ အဆင့် (၁)” သို့မဟုတ် “ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲ တစ်ဆင့်တည်းစနစ်”
*သက်ဆိုင်သည့်ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။
လုပ်ငန်းအတွေ့အကြုံ
ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုများပြုလုပ်ကာ လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲသူ (အဖွဲ့ခေါင်းဆောင်) အဖြစ် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။