အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"ဆောက်လုပ်ရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍

အိမ်၊ အဆောက်အဦးစသည့် အဆောက်အအုံများ တည်ဆောက်သည့်အလုပ်

လုပ်ငန်းအကြောင်းအရာ

  • မြို့ပြအင်ဂျင်နီယာ
    ဦးဆောင်ညွှန်ကြားသူ၏ ညွန်ကြားမှုနှင့်ကြီးကြပ်မှုအောက်တွင် မြို့ပြအင်ဂျင်နီယာဆိုင်ရာအဆောက်အအုံသစ်များဆောက်လုပ်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းများနှင့် သက်ဆိုင်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း
  • အဆောက်အဦးဆောက်လုပ်ရေး
    ဦးဆောင်ညွှန်ကြားသူ၏ ညွန်ကြားမှုနှင့်ကြီးကြပ်မှုအောက်တွင် အဆောက်အဦးသစ်များဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲပြင်ဆင်ခြင်းများနှင့် သက်ဆိုင်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း
  • အသက်သွေးကြောနှင့်ဆက်စပ်ပစ္စည်းများ
    ဦးဆောင်ညွှန်ကြားသူ၏ ညွန်ကြားမှုနှင့်ကြီးကြပ်မှုအောက်တွင် ဆက်သွယ်ရေး၊ ဓာတ်ငွေ့၊ ရေ၊ လျှပ်စစ်စသည်တို့အပြင် အခြားအသက်သွေးကြောနှင့်ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းခြင်း၊ တပ်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်ခြင်းများနှင့် သက်ဆိုင်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း

လက်ခံရန်ခန့်မှန်းထားသောလူဦးရေ

၈၀,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အကဲဖြတ်စာမေးပွဲ” သို့မဟုတ် “ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲ အဆင့် (၃)”

*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားနှင့် ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။

ဂျပန်ဘာသာစကားစွမ်းရည်

“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”

*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။