- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"လေကြောင်းလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"လေကြောင်းလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
လေယာဉ်တွင် ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊ လေယာဉ်ကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် အလုပ်
လုပ်ငန်းအကြောင်းအရာ
- လေဆိပ်မြေပြင်ဝန်ဆောင်မှု
ကုမ္ပဏီအတွင်းအရည်အချင်းရှိသော ညွှန်ကြားသူနှင့်အဖွဲ့ခေါင်းဆောင်အဖြစ်၊ မြေပြင်မောင်းနှင်မှုပံ့ပိုးခြင်းလုပ်ငန်း၊ ခရီးဆောင်အိတ်နှင့်ကုန်ပစ္စည်းစီမံခြင်း စသည့်လုပ်ငန်းတာဝန်များတွင် လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းစဥ်အားစီမံခန့်ခွဲသည့်လုပ်ငန်း - လေကြောင်းလုပ်ငန်းပြုပြင်ထိန်းသိမ်းမှု
မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်လုပ်ဆောင်သည့် လေယာဥ်ကိုယ်ထည်၊ စက်ကိရိယာစသည်တို့၏ အထူးပြုနှင့်နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“လေကြောင်းလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) အကဲဖြတ်စာမေးပွဲ” သို့မဟုတ် “လေကြောင်းလုပ်ငန်းဝန်ထမ်း ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်”
*သက်ဆိုင်သည့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။
လုပ်ငန်းအတွေ့အကြုံ
- လေဆိပ်မြေပြင်ဝန်ဆောင်မှု
လေဆိပ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်းခွင်တွင် ကျွမ်းကျင်လုပ်သားများအား ညွှန်ကြားမှုများပြုလုပ်ကာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။ - လေကြောင်းလုပ်ငန်းပြုပြင်ထိန်းသိမ်းမှု
လေယာဥ်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းခွင်တွင် အထူးပြုအသိပညာနှင့် ကျွမ်းကျင်မှုများလိုအပ်သောလုပ်ငန်းများကို ၃ နှစ်နှင့်အထက်လုပ်ကိုင်ခဲ့သည့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။
ဥပမာမိတ်ဆက်ခြင်း
ညွှန်ကြားတဲ့အချိန်မှာ ဘယ်လိုပြောရင် တစ်ဖက်လူက ကောင်းကောင်းနားလည်မလဲဆိုတာကို ပြန်စဥ်းစားရတာက အကျင့်ဖြစ်လာပါတယ်။
ဒီကုမ္ပဏီမှာ နိုင်ငံခြားသားအများအပြားအလုပ်လုပ်နေတဲ့ ဌာနတွေလည်းရှိပေမယ့် နောက်ပိုင်းမှာ ပိုပြီးတက်တက်ကြွကြွလုပ်ကိုင်လာမယ့် နိုင်ငံခြားသားတွေကိုပြုစုပျိုးထောင်ဖို့အတွက် ဘယ်လိုညွှန်ကြားနည်းတွေက ကောင်းမလဲဆိုတာကို ဝန်ထမ်းကိုယ်တိုင်က စဥ်းစားလုပ်ဆောင်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ခြင်းကို လုပ်ဆောင်သွားပါမယ်။