အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"လေကြောင်းလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍

လေယာဉ်တွင် ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊ လေယာဉ်ကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် အလုပ်

လုပ်ငန်းအကြောင်းအရာ

  • လေဆိပ်မြေပြင်ဝန်ဆောင်မှု
    ကုမ္ပဏီအတွင်းအရည်အချင်းရှိသော ညွှန်ကြားသူနှင့်အဖွဲ့ခေါင်းဆောင်များ၏ ညွှန်ကြားမှု၊ ကြီးကြပ်မှုများအောက်တွင် မြေပြင်မောင်းနှင်မှုပံ့ပိုးခြင်းလုပ်ငန်း၊ ခရီးဆောင်အိတ်နှင့်ကုန်ပစ္စည်းစီမံခြင်း စသည့်လုပ်ငန်းတာဝန်များတွင် လုပ်ကိုင်ဆောင်ရွက်သည့်လုပ်ငန်း
  • လေကြောင်းလုပ်ငန်းပြုပြင်ထိန်းသိမ်းမှု
    လေယာဥ်ကိုယ်ထည်၊ စက်ကိရိယာစသည်တို့၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ

လက်ခံရန်ခန့်မှန်းထားသောလူဦးရေ

၄,၄၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“လေကြောင်းလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အကဲဖြတ်စာမေးပွဲ”

*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။

ဂျပန်ဘာသာစကားစွမ်းရည်

“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”

*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။

ဥပမာမိတ်ဆက်ခြင်း

ညွှန်ကြားတဲ့အချိန်မှာ ဘယ်လိုပြောရင် တစ်ဖက်လူက ကောင်းကောင်းနားလည်မလဲဆိုတာကို ပြန်စဥ်းစားရတာက အကျင့်ဖြစ်လာပါတယ်။
ဒီကုမ္ပဏီမှာ နိုင်ငံခြားသားအများအပြားအလုပ်လုပ်နေတဲ့ ဌာနတွေလည်းရှိပေမယ့် နောက်ပိုင်းမှာ ပိုပြီးတက်တက်ကြွကြွလုပ်ကိုင်လာမယ့် နိုင်ငံခြားသားတွေကိုပြုစုပျိုးထောင်ဖို့အတွက် ဘယ်လိုညွှန်ကြားနည်းတွေက ကောင်းမလဲဆိုတာကို ဝန်ထမ်းကိုယ်တိုင်က စဥ်းစားလုပ်ဆောင်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ခြင်းကို လုပ်ဆောင်သွားပါမယ်။