- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
မော်တော်ကားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အလုပ်
လုပ်ငန်းအကြောင်းအရာ
အခြားဝန်ထမ်းများအား ညွှန်ကြားမှုများပြုလုပ်ကာ လုပ်ကိုင်ဆောင်ရွက်သည့် မော်တော်ကား၏ နေ့စဥ်စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ သီးသန့်ပြုပြင်ထိန်းသိမ်းခြင်း၊ သီးသန့်ပြုပြင်ထိန်းသိမ်းခြင်းနှင့်ဆက်စပ်သော အထွေထွေလုပ်ငန်းများ
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) အကဲဖြတ်စာမေးပွဲ” သို့မဟုတ် “မော်တော်ကားပြုပြင်ထိန်းသိမ်းရေးကျွမ်းကျင်သူ အရည်အချင်းစစ်စာမေးပွဲ အဆင့် (၂)”
လုပ်ငန်းအတွေ့အကြုံ
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဥပဒေ (၁၉၅၁ ခုနှစ် ဥပဒေအမှတ် ၁၈၅) ပုဒ်မ ၇၈ စာပိုဒ် ၁ အရ ဒေသဆိုင်ရာသယ်ယူပို့ဆောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ရရှိထားသောလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။
ဥပမာမိတ်ဆက်ခြင်း
ဟိရိုရှိမားခရိုင်ရှိလုပ်ငန်းတွင် အိတ်ဇောထုတ်လွှတ်မှုကာကွယ်ရေးပစ္စည်း၏ ပိုက်စစ်ဆေးခြင်းစသည့် ပုံမှန်စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ Brake Caliper လဲလှယ်ခြင်းစသည့် ဖြုတ်ယူတပ်ဆင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်လျက်ရှိပါသည်။
ထို့အပြင်၊ ဆအိတမခရိုင်ရှိလုပ်ငန်းတွင် ဂီယာဝိုင်ပမာဏစစ်ဆေးခြင်းစသည့် ပုံမှန်စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းကို လုပ်ဆောင်လျက်ရှိပါသည်။
နည်းပညာလေ့လာရေးသင်တန်းသားများနှင့်အတူ အလုပ်နှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောဆိုဆက်ဆံမှုများလုပ်ဆောင်လျက်ရှိပြီး အလုပ်ခွင်ပတ်ဝန်းကျင်မှာလည်း အလွန်ကောင်းမွန်ပါသည်။