- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
မော်တော်ကားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အလုပ်
လုပ်ငန်းအကြောင်းအရာ
မော်တော်ကား၏ နေ့စဥ်စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ သီးသန့်ပြုပြင်ထိန်းသိမ်းခြင်း၊ သီးသန့်ပြုပြင်ထိန်းသိမ်းခြင်းနှင့်ဆက်စပ်သော အခြေခံလုပ်ငန်းများ
လက်ခံရန်ခန့်မှန်းထားသောလူဦးရေ
၁၀,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အကဲဖြတ်စာမေးပွဲ” သို့မဟုတ် “မော်တော်ကားပြုပြင်ထိန်းသိမ်းရေးကျွမ်းကျင်သူ အရည်အချင်းစစ်စာမေးပွဲ အဆင့် (၃)”
*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။
ဂျပန်ဘာသာစကားစွမ်းရည်
“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”
*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။
ဥပမာမိတ်ဆက်ခြင်း
ဟိရိုရှိမားခရိုင်ရှိလုပ်ငန်းတွင် အိတ်ဇောထုတ်လွှတ်မှုကာကွယ်ရေးပစ္စည်း၏ ပိုက်စစ်ဆေးခြင်းစသည့် ပုံမှန်စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ Brake Caliper လဲလှယ်ခြင်းစသည့် ဖြုတ်ယူတပ်ဆင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်လျက်ရှိပါသည်။
ထို့အပြင်၊ ဆအိတမခရိုင်ရှိလုပ်ငန်းတွင် ဂီယာဝိုင်ပမာဏစစ်ဆေးခြင်းစသည့် ပုံမှန်စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းကို လုပ်ဆောင်လျက်ရှိပါသည်။
နည်းပညာလေ့လာရေးသင်တန်းသားများနှင့်အတူ အလုပ်နှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောဆိုဆက်ဆံမှုများလုပ်ဆောင်လျက်ရှိပြီး အလုပ်ခွင်ပတ်ဝန်းကျင်မှာလည်း အလွန်ကောင်းမွန်ပါသည်။