- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"သူနာပြုစောင့်ရှောက်မှုလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"သူနာပြုစောင့်ရှောက်မှုလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
သက်ကြီးရွယ်အိုများနှင့် ခန္ဓာကိုယ်မသန်စွမ်းသောသူစသည့်၊ နေ့စဥ်နေထိုင်မှုတွင် အခက်အခဲဖြစ်နေသူများအား ကိုယ်တိုင်ရပ်တည်နိုင်သော နေထိုင်မှုဘဝကိုရရှိစေရန်အတွက် အထောက်အပံ့ပေးသည့် အလုပ်ဖြစ်ပါသည်။
လုပ်ငန်းအကြောင်းအရာ
ရုပ်ပိုင်းဆိုင်ရာ သူနာပြုစောင့်ရှောက်မှုလုပ်ငန်းများ (အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုလိုက်၍ ရေချိုးခြင်း၊ စားသောက်ခြင်း၊ အပေါ့အလေးစွန့်ခြင်း များအတွက်အကူအညီပေးခြင်း) တို့အပြင်၊ ၎င်းတို့နှင့်ဆက်စပ်သော ကူညီထောက်ပံ့ရေးလုပ်ငန်းများ (အပန်းဖြေလှုပ်ရှားမှုပြုလုပ်ခြင်း၊ စွမ်းရည်လေ့ကျင့်ရေးကူညီမှု စသည်)
လက်ခံရန်ခန့်မှန်းထားသောလူဦးရေ
၁၃၅,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“သူနာပြုစောင့်ရှောက်မှုလုပ်ငန်း အကဲဖြတ်စာမေးပွဲ”
*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။
ဂျပန်ဘာသာစကားစွမ်းရည်
“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”
(အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ သို့မဟုတ် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N4 အပြင်) သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းဂျပန်စာကဲဖြတ်စာမေးပွဲ
*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။ သို့သော်၊ သူနာပြုစောင့်ရှောက်မှုလုပ်ငန်းမဟုတ်သော အလုပ်အမျိုးအစားဖြစ်ပါက သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းဂျပန်စာကဲဖြတ်စာမေးပွဲအား အောင်မြင်ရန်လိုအပ်ပါသည်။
ဥပမာမိတ်ဆက်ခြင်း
ခနဂဝခရိုင်ရှိ အခပေးသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးစင်တာတွင် အလုပ်လုပ်နေသော အင်ဒိုနီးရှားလူမျိုးအမျိုးသားအပေါ် လက်ခံထားသောစင်တာ၏ အကဲဖြတ်ချက်
အကဲဖြတ်ခြင်းစတဲ့ တစ်ဦးတည်းအမြင်တွေမရှိဘဲ သူနာပြုစောင့်ရှောက်မှုလုပ်ငန်းမှာ လိုအပ်တဲ့ ရိုးရှင်းပြီး လွတ်လပ်တဲ့အမြင်ကနေ ကြည့်မြင်နိုင်ပါတယ်။
အလုပ်ကို လေးလေးနက်နက်နဲ့ စိတ်အားထက်ထက်သန်သန် လုပ်နေတဲ့ပုံကိုကြည့်ပြီး ဘေးက ဂျပန်လူမျိုးဝန်ထမ်းတွေလည်း တက်ကြွလာကာ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးသက်ရောက်မှုရှိလာပါတယ်။