အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍

အစားအသောက်များကို ပြုလုပ်သည့် အလုပ်

လုပ်ငန်းအကြောင်းအရာ

အထွေထွေစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း (စား‌သောက်ကုန် (အရက်အမျိုးအစားမပါ) များအား ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးထိန်းသိမ်းခြင်း)

လက်ခံရန်ခန့်မှန်းထားသောလူဦးရေ

၁၃၉,၀၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

ကျွမ်းကျင်မှုအဆင့်

“စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း အထူးကျွမ်းကျင်လုပ်သားနံပါတ် (၁) ကျွမ်းကျင်မှုတိုင်းတာစစ်ဆေးခြင်းစာမေးပွဲ”

*ဤနယ်ပယ်နှင့်သက်ဆိုင်သည့် နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲမှကင်းလွတ်ခွင့်ရှိပါသည်။ သက်ဆိုင်သည့်အလုပ်အမျိုးအစားများကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။

ဂျပန်ဘာသာစကားစွမ်းရည်

“အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ” သို့မဟုတ် “ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)”

*ဂျပန်စာစာမေးပွဲနှင့်ပတ်သက်၍ မည်သည့်အလုပ်အမျိုးအစားမဆို နည်းပညာလေ့လာရေးနံပတ်(၂) အားကောင်းမွန်စွာပြီးဆုံးထားသူများသည် စာမေးပွဲကင်းလွတ်ခွင့်ရှိသည်။

ဥပမာမိတ်ဆက်ခြင်း