- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)
"အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍
အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်အလုပ်
လုပ်ငန်းအကြောင်းအရာ
အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်လုပ်ငန်း
လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ
ကျွမ်းကျင်မှုအဆင့်
“အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) အကဲဖြတ်စာမေးပွဲ” သို့မဟုတ် “ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲ အဆင့် (၁)”
*သက်ဆိုင်သည့်ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲကို “သတ်မှတ်ထားသည့်နယ်ပယ်နှင့်သက်ဆိုင်သော နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သားများလက်ခံရေး လုပ်ငန်းလည်ပတ်မှုဆိုင်ရာလမ်းညွှန်ချက်” တွင်ကြည့်ရှုစစ်ဆေးပါ။
လုပ်ငန်းအတွေ့အကြုံ
အဆောက်အဦးသန့်ရှင်းရေးဥပဒေ ပုဒ်မ ၂ စာပိုဒ် ၁ တွင်ပြဌာန်းထားသည့် သတ်မှတ်ထားသည့်အဆောက်အဦးများ၏ အဆောက်အဦးအတွင်းပိုင်းသန့်ရှင်းရေး သို့မဟုတ် ဖော်ပြပါဥပဒေ ပုဒ်မ ၁၂ ၏ပုဒ်မခွဲ ၂၊ စာပိုဒ် ၁၊ အပိုဒ် ၁ တွင်ပြဌာန်းထားသည့် အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း သို့မဟုတ် အပိုဒ် ၈ တွင်ပြဌာန်းထားသည့် အဆောက်အဦးပတ်ဝန်းကျင်သန့်ရှင်းရေးဘက်စုံစီမံခန့်ခွဲရေးလုပ်ငန်းတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းမှလုပ်ဆောင်သော အဆောက်အဦး (လူနေအိမ်မပါ) အတွင်းပိုင်း၏ သန့်ရှင်းရေးလုပ်ငန်းတွင် ဝန်ထမ်းများအားညွှန်ကြားမှုပြုလုပ်ကာ လုပ်ကိုင်ဆောင်ရွက်ပြီး၊ လုပ်ငန်းခွင်အားစီမံခန့်ခွဲသူအဖြစ် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်။
ဥပမာမိတ်ဆက်ခြင်း
ဗီယက်နမ်လူမျိုးနိုင်ငံခြားသားကို ခန့်အပ်ထားသော အဆောက်အဦးပြုပြင်ထိန်းသိမ်းရေးကုမ္ပဏီ၏ အကဲဖြတ်ချက်
နည်းပညာလေ့လာရေးနံပါတ်(၂) ပြီးဆုံးသွားတဲ့သူကို အဆင့်မြှင့်တင်တဲ့အနေနဲ့ အထူးကျွမ်းကျင်လုပ်သားကို ခန့်အပ်ခဲ့ပါတယ်။
စာချုပ်ချုပ်တဲ့တစ်ဖက်လူကနေ “လေ့လာရေးသင်တန်းသားကာလထက် ပို၍တာဝန်ယူတတ်မှုရှိလာပြီး ကြိုးစားနေပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
နိုင်ငံခြားသားအလုပ်သမားကိုယ်တိုင်ကလည်း လေ့လာရေးသင်တန်းသားကနေ အမြဲတမ်းဝန်ထမ်းဖြစ်လာတာကြောင့် ပိုအဆင့်မြင့်တဲ့အလုပ်လုပ်ဖို့ တာဝန်ပေးခံရပြီး လုပ်ရကျိုးနပ်တယ်လို့တွေးပြီး အလုပ်လုပ်ကိုင်နေပါတယ်။