အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)
"မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်း" နယ်ပယ်နှင့်ပတ်သက်၍

မော်တော်ယာဥ်အားအသုံးပြု၍ လူနှင့်ပစ္စည်းများကို ပို့‌ဆောင်သည့်အလုပ်

လုပ်ငန်းအကြောင်းအရာ

  • လုပ်ငန်းသုံးမော်တော်ယာဥ် (ထရပ်ကား) မောင်းနှင်ခြင်း၊ မောင်းနှင်ခြင်းနှင့်ဆက်စပ်သည့် လုပ်ငန်းအမျိုးမျိုး
  • လုပ်ငန်းသုံးမော်တော်ယာဥ် (တက္ကစီ) မောင်းနှင်ခြင်း၊ မောင်းနှင်ခြင်းနှင့်ဆက်စပ်သည့် လုပ်ငန်းအမျိုးမျိုး
  • လုပ်ငန်းသုံးမော်တော်ယာဥ် (ဘတ်စ်ကား) မောင်းနှင်ခြင်း၊ မောင်းနှင်ခြင်းနှင့်ဆက်စပ်သည့် လုပ်ငန်းအမျိုးမျိုး

လက်ခံရန်ခန့်မှန်းထားသောလူဦးရေ

၂၄,၅၀၀ ဦး
(၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် မတ်လအတွင်းရှိ ၅ နှစ်တာကာလ၌ လက်ခံနိုင်သည့်အများဆုံးအရေအတွက်)

လူ့စွမ်းအားအရင်းအမြစ် စံနှုန်းများ

မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းနယ်ပယ်တွင် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) နေထိုင်ခွင့်ဗီဇာဖြင့် လက်ခံမည့်နိုင်ငံခြားသားများသည်၊ အောက်တွင်သတ်မှတ်ထားသော စာမေးပွဲများကိုအောင်မြင်‌ရပါမည်။ တက္ကစီသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်မူ ဤစာမေးပွဲများကိုအောင်မြင်ရမည့်အပြင်၊ ယာဥ်မောင်းအသစ်သင်တန်းကို ပြီးဆုံးသူဖြစ်ရပါမည်။

ကျွမ်းကျင်မှုအဆင့်

  • ထရပ်ကား
    မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အကဲဖြတ်စာမေးပွဲ (ထရပ်ကား) နှင့် ပထမအမျိုးအစားယာဥ်မောင်းလိုင်စင်
  • တက္ကစီ
    မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အကဲဖြတ်စာမေးပွဲ (တက္ကစီ) နှင့် ဒုတိယအမျိုးအစားယာဥ်မောင်းလိုင်စင်
  • ဘတ်စ်ကား
    မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းနယ်ပယ် အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) အကဲဖြတ်စာမေးပွဲ (ဘတ်စ်ကား) နှင့် ဒုတိယအမျိုးအစားယာဥ်မောင်းလိုင်စင်

ဂျပန်ဘာသာစကားစွမ်းရည်

  • ထရပ်ကား
    အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ သို့မဟုတ် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N4 နှင့်အထက်)
  • တက္ကစီ
    ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N3 နှင့်အထက်)
  • ဘတ်စ်ကား
    ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (N3 နှင့်အထက်)