- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- ဂျပန်တွင် အလုပ်လုပ်ရန် အဆင့်ဆင့်လုပ်ငန်းစဉ်
ဂျပန်တွင် အလုပ်လုပ်ရန် အဆင့်ဆင့်လုပ်ငန်းစဉ်
“အထူးကျွမ်းကျင်လုပ်သား” ဆိုသည်မှာ၊ ဂျပန်နိုင်ငံ၌ အထူးသဖြင့်လူ့စွမ်းအင်းအရင်းအမြစ်လုံလောက်မှုမရှိသော သတ်မှတ်ထားသည့်စက်မှုလုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းတစ်စုံတစ်ရာရှိသော နိုင်ငံခြားသားများအလုပ်လုပ်ရန်အတွက် နေထိုင်ခွင့်ဗီဇာဖြစ်ပါသည်။ “အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)” နှင့်ကျွမ်းကျင်မှုအဆင့်ပိုမိုမြင့်မားသည့် “အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)” ဟူ၍အမျိုးအစား ၂ မျိုးရှိပါသည်။ ဤနေရာတွင် “အထူးကျွမ်းကျင်လုပ်သား” နေထိုင်ခွင့်ဗီဇာဖြင့် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ရန်အတွက် ပြင်ဆင်မှုနှင့်လုပ်ငန်းစဥ်များကိုနားလည်ရလွယ်ကူစွာ ရှင်းပြထားလျက်ရှိသောကြောင့်၊ ကိုးကားကြည့်ရှုပါ။
ဂျပန်နိုင်ငံသို့မလာရောက်ခင်
အဆင့်1ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လိုသည်
ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်စိတ်ဝင်စားသည်
မိမိသည် ဂျပန်နိုင်ငံတွင်မည်သည့်အလုပ်မျိုးအားလုပ်ကိုင်လိုသနည်း။ ဂျပန်နိုင်ငံ၏မည်သည့်နေရာတွင်နေထိုင်လိုသနည်း။ ဂျပန်နိုင်ငံတွင်အထူးကျွမ်းကျင်လုပ်သားအဖြစ်အလုပ်လုပ်ကိုင်နိုင်သည့်နယ်ပယ် ၁၆ ခုမှ၊ မိမိသည်မည်သည့်အလုပ်အားလုပ်ကိုင်လိုသနည်း။ တဖန်၊ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်းနှင့်နေထိုင်မှုပြုလုပ်ရာတွင်သတိထားရမည့်အချက်နှင့်ပတ်သက်၍၊ မည်သည့်အရာများရှိသနည်းစသည်ဖြင့်၊ မိမိကိုယ်တိုင်လည်းလုပ်ကိုင်လိုသည့်အလုပ်အားစိတ်ကူးပုံဖော်ရင်း အထူးကျွမ်းကျင်လုပ်သားနှင့်ပတ်သက်၍ရှာဖွေစုံစမ်းရပါမည်။
- အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) ၏နယ်ပယ်အသီးသီး၏အလုပ်အကိုင်အကြောင်းအရာ (Job Description) | လူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးရုံး
- နေထိုင်ခွင့်ဗီဇာ “အထူးကျွမ်းကျင်လုပ်သား” ဆိုသည်မှာ | အထူးကျွမ်းကျင်လုပ်သားအထွေအထွေအထောက်အကူပြုဝက်ဆိုက် : နိုင်ငံခြားသားများအတွက်
- နေထိုင်စားသောက်မှုသရုပ်ပြဗီဒီယို | လူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးရုံး
- အထူးကျွမ်းကျင်လုပ်သားနှင့်သက်ဆိုင်သည့်နိုင်ငံအလိုက်အချက်အလက်များ | လူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးရုံး
အထူးကျွမ်းကျင်လုပ်သားနှင့်ပတ်သက်၍ရှာဖွေစုံစမ်းမည်
အထူးကျွမ်းကျင်လုပ်သားမှာ၊ ဂျပန်နိုင်ငံတွင်နိုင်ငံခြားသားများအား လုပ်ငန်းခွင်သို့ချက်ခြင်းဝင်ရောက်လုပ်ကိုင်နိုင်သောလူ့စွမ်းအားအရင်းအမြစ်များအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်ပြုလုပ်ထားသေသည့် နေထိုင်ခွင့်ဗီဇာဖြစ်ပါသည်။ အထူးကျွမ်းကျင်လုပ်သားတွင်၊ “နံပါတ်(၁)” နေထိုင်ခွင့်ဗီဇာနှင့် “နံပါတ်(၂)” နေထိုင်ခွင့်ဗီဇာရှိကာ၊ နံပတ်(၂) နေထိုင်ခွင့်ဗီဇာမှာ နံတ်(၁) နေထိုင်ခွင့်ဗီဇာထက် ပိုမို၍ကျွမ်းကျင်မှုအရည်အချင်းရှိရန်လိုအပ်ပါသည်။ အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) နေထိုင်ခွင့်ဗီဇာဖြင့်အလုပ်လုပ်မည်ဆိုပါက၊ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲနှင့်ဂျပန်စာအရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုအောင်မြင်ရန်လိုအပ်ပါသည်။ (အခြေခံမူအားဖြင့်၊ နည်းပညာလေ့လာရေးနံပါတ်(၂) ကိုကောင်းမွန်စွာပြီးဆုံးထားသောသူမှာ စာမေးပွဲအောင်မြင်ရန်မလိုအပ်ပါ။ သို့သော်၊ အခြားနယ်ပယ်နှင့်အမျိုးအစား၌အလုပ်လုပ်မည်ဆိုပါက အလုပ်လုပ်ကိုင်လိုသည့်နယ်ပယ်၏ စာမေးပွဲကိုအောင်မြင်ရန်လိုအပ်ပါသည်။) ထို့နောက်၊ ကုမ္ပဏီနှင့်အလုပ်ခန့်အပ်ခြင်းသဘောတူစာချုပ်ချုပ်လိုက်ပါက “အထူးကျွမ်းကျင်လုပ်သား” နေထိုင်ခွင့်ဗီဇာကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
“အထူးကျွမ်းကျင်လုပ်သား” ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲနှင့် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲအားအောင်မြင်ခြင်း
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) မှာ၊ အလုပ်လုပ်ကိုင်မည့်နယ်ပယ်၏ ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအပြင်၊ အပြည်ပြည်ဆိုင်ရာဖလှယ်ရေဒဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ (JFT-Basic) သို့မဟုတ် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) N4 နှင့်အထက်(*)ကိုအောင်မြင်ရန်လိုအပ်ပါသည်။ စာမေးပွဲ၏အခြေခံအချက်အလက်နှင့်အချိန်စာရင်းနှင့်ပတ်သက်၍ အောက်ပါဝက်ဆိုက်တွင်ကြည့်ရှုပါ။
- *မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ တက္ကစီနှင့်ဘတ်စ်ကား၊ မီးရထားလုပ်ငန်းရှိသယ်ယူပို့ဆောင်ရေးဝန်ထမ်းများမှာမူ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) N3 နှင့်အထက်အား အောင်မြင်ရန်လိုအပ်ပါသည်။
- *သူနာပြုစောင့်ရှောက်မှုလုပ်ငန်းမှာ၊ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N4 အပြင်၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းဂျပန်စာကဲဖြတ်စာမေးပွဲအား အောင်မြင်ရန်လိုအပ်ပါသည်။
အဆင့် 2 ကုမ္ပဏီအားရှာဖွေမည်
ပို့ဆောင်သည့်အဖွဲ့အစည်းအားရှာဖွေမည်
ထို့နောက်တွင် ပို့ဆောင်သည့်အဖွဲ့အစည်းမှတစ်ဆင့်လုပ်သားပို့ဆောင်ရန်လိုအပ်သည့်နိုင်ငံမှသူများအတွက်၊ ပို့ဆောင်သည့်အဖွဲ့အစည်းအားရှာဖွေရန်လိုအပ်ပါသည်။ ပို့ဆောင်သည့်အဖွဲ့အစည်းအားရွေးချယ်ရာ၌အရေးကြီးသည့် လုပ်သားပို့ဆောင်နိုင်သည့်လိုင်စင်ရှိမရှိ၊ ပေးဆောင်ရမည့်အခကြေးငွေမှာသင့်လျှော်မှုရှိမရှိစသည်တို့ကို နိုင်ငံအလိုက်ပို့ဆောင်သည့်အဖွဲ့အစည်းများကိုဖော်ပြပေးထားသည့် ဝက်ဆိုက်သို့သွားရောက်၍ရှာဖွေစုံစမ်းရန်လိုအပ်ပါသည်။ နိုင်ငံပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းများကွဲပြားမှုရှိတတ်သောကြောင့်၊ ဦးစွာမိမိနိုင်ငံရှိ လိုအပ်သောလုပ်ထုံးလုပ်နည်းများကိုစစ်ဆေးရပါမည်။
အလုပ်အကိုင်ရှာဖွေမည်
ပို့ဆောင်သည့်အဖွဲ့အစည်းတွင်မှတ်ပုံတင်ပြီးပါက အလုပ်အကိုင်အားစတင်ရှာဖွေရပါမည်။ ပို့ဆောင်သည့်အဖွဲ့အစည်းသည်အလုပ်အကိုင်ရှာဖွေရာတွင်အထောက်အပံ့ပေးမည်ဖြစ်ပါသည်။ ပို့ဆောင်သည့်အဖွဲ့အစည်းအားအသုံးပြုခြင်းမရှိပါက၊ မိမိကိုယ်တိုင်အလုပ်အကိုင်ရှာဖွေရန်လိုအပ်ပါသည်။ ပို့ဆောင်သည့်အဖွဲ့အစည်းကိုအသုံးမပြုပဲမိမိကိုယ်တိုင်အလုပ်အကိုင်မည်ဆိုပါက၊ ကုမ္ပဏီများ၏အလုပ်ခေါ်ယူသည့်ဝက်ဘ်ဆိုက်ဟုမ်းပေ့ဂျ်နှင့် နိုင်ငံခြားသားများအတွက်ပြုလုပ်သည့်အလုပ်အကိုင်ပြပွဲ စသည်တို့တွင်ရှာဖွေရပါမည်။
ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း
အလုပ်တွေ့ရှိပါက၊ ကုမ္ပဏီသို့အင်တာဗျူးဖြေဆိုရန်လျှောက်ထားရပါမည်။ အင်တာဗျူးအားဖြေဆိုအောင်မြင်ပါက ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုရပါမည်။ မည်သည့်အလုပ်မျိုးဖြစ်သည်အား သေချာစွာမေးမြန်းပြီး၊ လုပ်ကိုင်ရမည့်နေရာ၊ လစာစသည်တို့ကို စစ်ဆေးအတည်ပြုရပါမည်။ ကုမ္ပဏီသည်ဝန်ထမ်းထံသို့ လုပ်ငန်းသတ်မှတ်ချက်များအကြောင်းအသိပေးစာပေးပို့ရန်လိုအပ်ပါသည်။ စာချုပ်ချုပ်သည့်အခါတွင်၊ အလုပ်ခန့်အပ်မှုသတ်မှတ်ချက်များကို သေချာစွာစစ်ဆေးရပါမည်။ JP-MIRAI Portal ၏သတင်းဆောင်းပါး “ကုမ္ပဏီမှ မပြုလုပ်ရမည့်အရာများ” ကိုကိုးကားကြည့်ရှုသင့်ပါသည်။
အဆင့်3နေထိုင်ခွင့်ဗီဇာစသည်တို့ကိုလျှောက်ထားမည်
လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ဗီဇာ လျှောက်လွှာတင်ခြင်း
ကုမ္ပဏီနှင့်အလုပ်ခန့်အပ်ခြင်းသဘောတူစာချုပ်ချုပ်ပြီးပါက၊ ဒေသဆိုင်ရာလူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးဌာနတွင် နေထိုင်ခွင့်ဗီဇာအသိအမှတ်ပြုလက်မှတ်အား လျှောက်ထားရပါမည်။ အလုပ်ခန့်အပ်သည့်ကုမ္ပဏီ၏ဝန်ထမ်းမှ ကိုယ်စားလျှောက်ထားနိုင်ပါသည်။ နေထိုင်ခွင့်ဗီဇာအသိအမှတ်ပြုလက်မှတ်အားထုတ်ပေးရန် ၁ လမှ ၃ လခန့်ကြာတတ်သောကြောင့်ကြိုတင်၍လျှောက်ထားရပါမည်။ နေထိုင်ခွင့်ဗီဇာအသိအမှတ်ပြုလက်မှတ်အားလက်ခံရရှိပါက၊ ဒေသခံသံရုံးနှင့်သံအမတ်ရုံးများတွင် ပြည်ဝင်ခွင့်ဗီဇာကိုလျှောက်ထားရပါမည်။ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍၊ နိုင်ငံအသီးသီးရှိပြည်ပသံရုံးများ၏ဝက်ဘ်ဆိုက်စသည်တို့ကိုကြည့်ရှုစစ်ဆေးရပါမည်။
ဂျပန်နိုင်ငံသို့လာရောက်ခြင်း - ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက်
အဆင့်1ဂျပန်နိုင်ငံသို့သွားမည်
ရောက်ရှိချိန်ရှိ ကြိုဆိုပို့ဆောင်ခြင်း
နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်ဗီဇာအသိအမှတ်ပြုလက်မှတ်နှင့်ပြည်ဝင်ခွင့်ဗီဇာစသည်တို့ကိုကိုင်ဆောင်၍ ဂျပန်နိုင်ငံသို့သွားရောက်ရပါမည်။ ဂျပန်နိုင်ငံသို့ရောက်ရှိပါကကြိုဆိုပို့ဆောင်ပေးမှုရှိသောကြောင့်၊ ကြိုတင်ဆက်သွယ်အကြောင်းကြားထားသည့် လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်နှင့်ကုမ္ပဏီမှလူအား လေဆိပ်ရှိတွေ့ဆုံရမည့်နေရာအားစစ်ဆေးအတည်ပြုထားရပါမည်။
အဆင့်2ဂျပန်နိုင်ငံတွင်နေထိုင်မှုနှင့်အလုပ်လုပ်ကိုင်မှုကိုစတင်မည်
ဂျပန်နိုင်ငံတွင်နေထိုင်ခြင်းနှင့်အလုပ်လုပ်ကိုင်ခြင်းစတင်ပါပြီ!
ဂျပန်နိုင်ငံသို့ရောက်ရှိပြီး၊ နေထိုင်မှုနှင့်အလုပ်လုပ်ကိုင်မှုအားစတင်ရာတွင် လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်နှင့်ကုမ္ပဏီထံမှ လမ်းညွှန်မှုများကိုရရှိနိုင်ပါသည်။ ဂျပန်နိုင်ငံတွင်နေထိုင်ခြင်းနှင့်အလုပ်လုပ်ကိုင်ရာတွင်သတိပြုရမည့်အချက်များကိုမေးမြန်းပြီး၊ နားမလည်သည်များရှိပါက ပြောဆိုမေးမြန်းရပါမည်။
အဆင့်3ဂျပန်သို့ရောက်ရှိပြီးအချိန်အနည်းငယ်ကြာပါက
ဂျပန်သို့ရောက်ရှိပြီးအချိန်အနည်းငယ်ကြာပါက
ဂျပန်နိုင်ငံရှိနေထိုင်မှုနှင့်အသားကျလာသော်လည်း အလုပ်ဝင်ရောက်သည့်ကုမ္ပဏီနှင့်အဆင်မပြေပဲ၊ အခြားကုမ္ပဏီသို့အလုပ်ပြောင်းလုပ်လိုသည့်သူများလည်းရှိတတ်ပါသည်။ အလုပ်ပြောင်းလုပ်လိုသည့်အခါတွင်၊ ပြည်သူပိုင်အလုပ်အကိုင်လုံခြုံမှုရုံးစသည်တို့ကိုလည်းအသုံးပြုရင်း၊ မိမိပြောင်းလုပ်လိုသည့်ကုမ္ပဏီအားရှာဖွေရပါမည်(*)။ ထို့အပြင်၊ အခြားကုမ္ပဏီ၌အလုပ်လုပ်ကိုင်ခြင်းမပြုမီ၊ နေထိုင်ခွင့်ဗီဇာအားမပျက်မကွက်ပြောင်းလဲရန်လိုအပ်ကြောင်းကိုသတိပြုရပါမည်။ နေထိုင်ခွင့်ဗီဇာအားပြောင်းလဲခြင်းမရှိပါက တရားမဝင်အလုပ်လုပ်ကိုင်မှုအဖြစ်သတ်မှတ်ခြင်းခံရပါမည်။
*မတူညီသည့်နယ်ပယ်သို့အလုပ်ပြောင်းလုပ်မှုမပြုနိုင်သောကြောင့်၊ သတိပြုရပါမည်။
ဂျပန်နိုင်ငံတွင်ဒုက္ခအခက်အခဲတွေ့ကြုံသည့်အချိန်
ဂျပန်နိုင်ငံတွင်ဒုက္ခအခက်အခဲတွေ့ကြုံပါက၊ တိုင်ပင်ဆွေးနွေးမှုပြုလုပ်နိုင်သည့်ဝန်ဆောင်မှုကောင်တာများရှိသောကြောင့်၊ ဂျပန်နိုင်ငံရှိနေထိုင်မှုနှင့်အလုပ်လုပ်ကိုင်မှုတွင် ဒုက္ခအခက်အခဲကြုံတွေ့ပါက၊ တစ်ယောက်တည်းသယ်ဆောင်မထားပဲ တိုင်ပင်ဆွေးနွေးရေးကောင်တာစသည်တို့ကို မပျက်မကွက်အသုံးပြုရပါမည်။